တာခ်ီလိတ္တြင္ လာအိုႏိုင္ငံသားတစ္ဦးအား ေသနတ္ ႏွင့္ က်ည္ဆံမ်ားအတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ လာအိုႏိုင္ငံသားတစ္ဦးအား ေသနတ္ ႏွင့္ က်ည္ဆံမ်ားအတူ ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ လာအိုႏုိင္ငံသားတစ္ဦးအား Gas ပစၥတိုေသနတ္ တစ္လက္၊ ႏွင့္အတူ က်ည္ဆံမ်ားျဖင့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၅)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

အသက္(၁၉)ႏွစ္၀န္းက်င္ရွိ လာအိုႏိုင္ငံသား ထုိင္းဝမ္းဆိုသူအား ၎၏ လြယ္အိတ္အတြင္းမွ WALTER CP 99 အမ်ိဳးအစား Gas ေသနတ္(၁)လက္ႏွင့္ ၎က်ည္ (၁၄၀)လံုး၊ ၎ေသနတ္တြင္ အသံုးျပဳသည့္ Gas အိုးေသး(၂)လံုး၊ ပိြဳင့္ (၂၂)က်ည္ (၁၂)ေတာင့္တုိ႔ႏွင့္အတူ ဖမ္းဆီးရမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴးရဲအုပ္ ခ်မ္းေျမ႕ေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၊ခရိုင္(မႈ/ႏွိမ္)မွ ရဲအုပ္ ျမင့္ႏိုင္ဦး ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔ နံနက္(၉)နာရီခြဲဝန္းက်င္က ဝိန္းေက်ာက္ရပ္ကြက္ရိွ လမ္းၾကားတြင္ လမ္းေလွ်ာက္လာသည့္ အသက္ (၁၉)ႏွစ္အရြယ္ ထုိင္းဝမ္းကို စစ္ေဆးရာမွ ယင္းကဲ့သို႔ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ႏွင့္အတူ ေတြ႔ရွိရသည့္ အဆိုပါ လာအိုႏုိင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၇၉/၂၀၁၉၊ ၁၉၄၂ခုႏွစ္ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပုဒ္ ၁၂(ဂ)ျဖင့္ အမႈဖြင့္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ညပိုင္းက ရဲတပ္ဖြဲ႕၏ ပိတ္ဆို႔စစ္ေဆးမႈအတြင္း စုစုေပါင္း ပစၥတိုေသနတ္ (၂) လက္ႏွင့္ က်ည္ (၄၂) ေတာင့္ႏွင့္အတူ စိုင္းရွဲန္ႏြန္း၊ အိုက္ႏြန္းႏွင့္ စိုင္းဝန္းေက်ာက္တုိ႔ကို လည္းေကာင္း၊ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔က ထိုင္းႏိုင္ငံသား ဆရရြတ္ထံမွ ေသနတ္ႏွင့္ က်ည္(၈)ေတာင့္ကုိ လည္းေကာင္း၊ ေဖေဖၚဝါရီလ(၉)ရက္ေန႔က ပစၥတိုေသနတ္ (၅)လက္၊ က်ည္မ်ဳိးစံု (၉၄)ေတာင့္တို႔ႏွင့္အတူ စိုင္းအုိက္လူကိုလည္းေကာင္း ဖမ္းဆီး ရမိထားသျဖင့္ ယခုဖမ္းဆီးရမိမႈမွာ ေဖေဖၚဝါရီလအတြင္း လက္နက္ျဖင့္ ဖမ္းဆီးရမိသည့္ (၆)ဦးေျမာက္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - KHS

~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လာအိုနိုင်ငံသားတစ်ဦးအား Gas ပစ္စတိုသေနတ် တစ်လက်၊ နှင့်အတူ ကျည်ဆံများဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

အသက်(၁၉)နှစ်ဝန်းကျင်ရှိ လာအိုနိုင်ငံသား ထိုင်းဝမ်းဆိုသူအား၎င်း၏ လွယ်အိတ်အတွင်းမှ WALTER CP 99 အမျိုးအစား Gas သေနတ်(၁)လက်နှင့်၎င်းကျည် (၁၄၀)လုံး၊၎င်းသေနတ်တွင် အသုံးပြုသည့် Gas အိုးသေး(၂)လုံး၊ ပွိုင့် (၂၂)ကျည် (၁၂)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူးရဲအုပ် ချမ်းမြေ့အောင် နှင့် တပ်ဖွဲ့ဝင်များ၊ခရိုင်(မှု/နှိမ်)မှ ရဲအုပ် မြင့်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်ရှိ လမ်းကြားတွင် လမ်းလျှောက်လာသည့် အသက် (၁၉)နှစ်အရွယ် ထိုင်းဝမ်းကို စစ်ဆေးရာမှ ယင်းကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်အတူ တွေ့ရှိရသည့် အဆိုပါ လာအိုနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၉/၂၀၁၉၊ ၁၉၄၂ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပုဒ် ၁၂(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့၏ ပိတ်ဆို့စစ်ဆေးမှုအတွင်း စုစုပေါင်း ပစ္စတိုသေနတ် (၂) လက်နှင့် ကျည် (၄၂) တောင့်နှင့်အတူ စိုင်းရှဲန်နွန်း၊ အိုက်နွန်းနှင့် စိုင်းဝန်းကျောက်တို့ကို လည်းကောင်း၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ထိုင်းနိုင်ငံသား ဆရရွတ်ထံမှ သေနတ်နှင့် ကျည်(၈)တောင့်ကို လည်းကောင်း၊ ဖေဖော်ဝါရီလ(၉)ရက်နေ့က ပစ္စတိုသေနတ် (၅)လက်၊ ကျည်မျိုးစုံ (၉၄)တောင့်တို့နှင့်အတူ စိုင်းအိုက်လူကိုလည်းကောင်း ဖမ်းဆီး ရမိထားသဖြင့် ယခုဖမ်းဆီးရမိမှုမှာ ဖေဖော်ဝါရီလအတွင်း လက်နက်ဖြင့် ဖမ်းဆီးရမိသည့် (၆)ဦးမြောက်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~