ရဲတပ္ဖြဲ႕က တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စု၊ ပန္အင္ရြာႏွင့္ ေတာင္သံုးလံုးရြာၾကား တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆုိင္ကယ္စီးနင္းလာသည့္ ေလာ္ေကာ္အား စစ္ေဆးရာ ၎လြယ္ထားသည့္အိတ္အတြင္းမွ 999 စာတမ္းပါ WY စိတ္ၾကြေဆးျပား (၈၀၀၀)ကို စစ္ေဆးေတြ႔ရိွျခင္းျဖစ္ေၾကာင္း သိရသည္။
ကြင္းဆက္ေဖၚထုတ္ခ်က္အရ ရဲတပ္ဖြဲ႕သည္ ေန႔လယ္ (၂)နာရီအခ်ိန္၌ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ စန္းလုေက်းရြာအနီး ေရာ္ဘာၿခံအတြင္း မူးယစ္ေဆးေရာင္းခ်သည္ဟု သတင္းရသည့္ လီဘာ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ လီဘာမွာ တိမ္းေရွာင္ေနၿပီး ေနအိမ္တြင္ မူးယစ္ေဆးဝါးရွာေဖြေတြ႔ရိွျခင္းမရိွေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေလာ္ေကာ္ႏွင့္ တိမ္းေရွာင္ေနသည့္ လီဘာတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀ ျဖင့္အမႈဖြင့္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - ကျိုင်းတုံကားလမ်းအတိုင်း တာချီလိတ်ဘက်သို့ WY စိတ်ကြွဆေးပြား (၈၀၀၀)သယ်ဆောင်လာသည့်အမျိုးသားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ရဲတပ်ဖွဲ့က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အင်ရွာနှင့် တောင်သုံးလုံးရွာကြား တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် လော်ကော်အား စစ်ဆေးရာ ၎င်းလွယ်ထားသည့်အိတ်အတွင်းမှ 999 စာတမ်းပါ WY စိတ်ကြွဆေးပြား (၈၀၀၀)ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းဆက်ဖေါ်ထုတ်ချက်အရ ရဲတပ်ဖွဲ့သည် နေ့လယ် (၂)နာရီအချိန်၌ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာအနီး ရော်ဘာခြံအတွင်း မူးယစ်ဆေးရောင်းချသည်ဟု သတင်းရသည့် လီဘာ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ လီဘာမှာ တိမ်းရှောင်နေပြီး နေအိမ်တွင် မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိခြင်းမရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လော်ကော်နှင့် တိမ်းရှောင်နေသည့် လီဘာတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀ ဖြင့်အမှုဖွင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့