ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့ညပိုင်း ပိတ်ဆို့ရှာဖွေမှု အတွင်း WY စိတ်ကြွဆေးပြား (၂၅၇)ပြားနှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဇန်နဝါရီလ အတွင်း ဖြစ်ပွားသွားသည့် မြို့လယ် သေနတ်ပစ်ခတ်မှု (၂)ခုမှ ထွက်ပြေးတရားခံများအား နေ့ညပိတ်ဆို့စစ်ဆေးမှုများဖြင့် ရှာဖွေခြင်းကို ရဲတပ်ဖွဲ့က ပုံမှန်ထက်တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ရဲတပ်ဖွဲ့ဝင်များသည် ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာရှိ တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ည (၉)နာရီအချိန်က အမျိုးသားတစ်ဦးအား စစ်ဆေးရာ ဘောင်းဘီအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဝန်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၄/၂၀၁၉၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဇန်နဝါရီလ အတွင်း ဖြစ်ပွားသွားသည့် မြို့လယ် သေနတ်ပစ်ခတ်မှု (၂)ခုမှ ထွက်ပြေးတရားခံများအား နေ့ညပိတ်ဆို့စစ်ဆေးမှုများဖြင့် ရှာဖွခြေင်းကို ရဲတပ်ဖွဲ့က ပုံမှန်ထက်တိုးမြှင့် ဆောင်ရွက်နခြေင်းဖြစ်သည်။
Tachileik News Agency