
ဇနျနဝါရီ 2, 2019
By 🌸


Tachileik News Agency

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်က ဆိုင်ကယ်ပျောက်ဆုံးမှုကို ၂၀၁၉ ခုနှစ်၌ အမှုဖွင့်တိုင်ကြား
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေအိမ်ခန်းအနီး ၂၀၁၈ ခုနှစ်က ရပ်ထားသည့်ဆိုင်ကယ်တစ်စီး ခိုးယူခံရသဖြင့် ၂၀၁၉ ခုနှစ်တွင် တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ရှိ နေအိမ်ခန်းတစ်ခုအနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ရပ်ထားခဲ့သည့် ဆိုင်ကယ်အမှတ် SHN/ 12623 Honda Wave 110 အမျိုးအစား နီ/နက်ဆိုင်ကယ်တစ်စီးမှာ ပျောက်ဆုံးသွားကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နံနက် (၁၀)နာရီတွင် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးသွားသဖြင့် အရေးယူဆောင်ရွက်ပေးရန် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် (ပ) ၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ (ဆိုင်ကယ်)ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~