တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသူႏွစ္ဦးထံမွ လက္နက္ခဲယမ္း၊ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသူႏွစ္ဦးထံမွ လက္နက္ခဲယမ္း၊ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 25, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေသနတ္ခါးၾကားထိုးၿပီး ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသည့္ အမ်ိဳးသား(၂)ဦးကို စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၄)ရက္ေန႔ ညပိုင္းက ပိတ္ဆို႔ရွာေဖြမႈအတြင္း ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ဝိန္းေက်ာက္ရပ္ကြက္၊ ကားေလးကြင္းေရွ႕လမ္းဆံုတြင္ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕မ်ားျဖင့္ ပိတ္ဆို႔စစ္ေဆးေနစဥ္ ည (၁၀)နာရီ (၅၀)မိနစ္အခ်ိန္က ေဟာင္လိတ္ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေက်ာ္ေက်ာ္ဝင္း ေမာင္းႏွင္လာသည့္ Vigo အနက္ေရာင္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရာ ေသနတ္(၂)လက္၊ က်ည္(၁၂)ေတာင့္ႏွင့္ စိတ္ၾကြေဆးျပား (၁၇)ျပားတုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသည့္ စိုင္းလံုသန္းထံမွ စိတ္ၾကြေဆးျပား (၁၇)ျပားႏွင့္ ၎၏ခါးၾကားမွ Gas ေသနတ္တစ္လက္၊ ေဘးတြင္လုိက္ပါလာသည့္ ေက်ာ္ေက်ာ္ဝင္း၏ ခါးၾကားတြင္ ထိုးထားသည့္ Glock Ges.m.b.H စာတမ္းပါ ၾသစေၾတးလ်ႏုိင္ငံထုတ္ ပစၥတိုေသနတ္တစ္လက္ႏွင့္ (၉)မမက်ည္ (၁၂)ေတာင့္တုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္ခဲယမ္းမ်ားနွင့္အတူ ဖမ္းမိသည့္ ေက်ာ္ေက်ာ္ဝင္းႏွင့္ စိုင္းလံုသန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် မော်တော်ယာဉ်မောင်းနှင်လာသူနှစ်ဦးထံမှ လက်နက်ခဲယမ်း၊ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သေနတ်ခါးကြားထိုးပြီး မော်တော်ယာဉ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ပိတ်ဆို့ရှာဖွေမှုအတွင်း ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့လမ်းဆုံတွင် တာချီလိတ်မြို့မရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့များဖြင့် ပိတ်ဆို့စစ်ဆေးနေစဉ် ည (၁၀)နာရီ (၅၀)မိနစ်အချိန်က ဟောင်လိတ်ဘက်မှ တာချီလိတ်မြို့တွင်းသို့ ကျော်ကျော်ဝင်း မောင်းနှင်လာသည့် Vigo အနက်ရောင် မော်တော်ယာဉ်အား စစ်ဆေးရာ သေနတ်(၂)လက်၊ ကျည်(၁၂)တောင့်နှင့် စိတ်ကြွဆေးပြား (၁၇)ပြားတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်မောင်းနှင်လာသည့် စိုင်းလုံသန်းထံမှ စိတ်ကြွဆေးပြား (၁၇)ပြားနှင့် ၎င်း၏ခါးကြားမှ Gas သေနတ်တစ်လက်၊ ဘေးတွင်လိုက်ပါလာသည့် ကျော်ကျော်ဝင်း၏ ခါးကြားတွင် ထိုးထားသည့် Glock Ges.m.b.H စာတမ်းပါ သြစတြေးလျနိုင်ငံထုတ် ပစ္စတိုသေနတ်တစ်လက်နှင့် (၉)မမကျည် (၁၂)တောင့်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် ကျော်ကျော်ဝင်းနှင့် စိုင်းလုံသန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~