ဝိန္းေက်ာက္ရပ္ကြက္၊ ကားေလးကြင္းေရွ႕လမ္းဆံုတြင္ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕မ်ားျဖင့္ ပိတ္ဆို႔စစ္ေဆးေနစဥ္ ည (၁၀)နာရီ (၅၅)မိနစ္ဝန္းက်င္က ေအာင္ပင္လယ္ရြာဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ဆုိင္ကယ္ေမာင္းနွင္လာသည့္ ေမာင္ဘအား စစ္ေဆးရာ အက်ၤ ီအိတ္အတြင္းမွ ဘိန္းျဖဴ (၁.၂)ဂရမ္အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ရဲတပ္ဖြဲ႕သည္ ေမာင္ဘ မူးယစ္ေဆးဝယ္ယူလာသည္ဟုဆိုေသာ အတဲရို(ခ)အာခါေလးဆိုသူအား ဝမ္ေကာင္းရပ္ကြက္၊ ဝမ္ေကာင္းေစ်းအနီးလမ္းဆံုတြင္ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ေမာင္ဘႏွင့္ မူးယစ္ေဆးေရာင္းခ်ေပးသူဟုဆိုေသာ အတဲရို(ခ)အာခါေလးတို႔ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)/၂၁ အရအမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ပိတ်ဆို့ရှာဖွေမှုအတွင်း ဒုတိယမြောက်ဖမ်းဆီးရမိမှုအဖြစ် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားထံမှ ဘိန်းဖြူအနည်းငယ်နှင့် ရောင်းချပေးသူတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့လမ်းဆုံတွင် တာချီလိတ်မြို့မရဲတပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့များဖြင့် ပိတ်ဆို့စစ်ဆေးနေစဉ် ည (၁၀)နာရီ (၅၅)မိနစ်ဝန်းကျင်က အောင်ပင်လယ်ရွာဘက်မှ တာချီလိတ်မြို့တွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ဘအား စစ်ဆေးရာ အင်္ကျ ီအိတ်အတွင်းမှ ဘိန်းဖြူ (၁.၂)ဂရမ်အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ရဲတပ်ဖွဲ့သည် မောင်ဘ မူးယစ်ဆေးဝယ်ယူလာသည်ဟုဆိုသော အတဲရို(ခ)အာခါလေးဆိုသူအား ဝမ်ကောင်းရပ်ကွက်၊ ဝမ်ကောင်းဈေးအနီးလမ်းဆုံတွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် မောင်ဘနှင့် မူးယစ်ဆေးရောင်းချပေးသူဟုဆိုသော အတဲရို(ခ)အာခါလေးတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ အရအမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့