တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္း မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူႏွင့္အတူ ေရာင္းခ်ေပးသူကိုပါ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းရပ္ကြက္အတြင္း မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူႏွင့္အတူ ေရာင္းခ်ေပးသူကိုပါ ဖမ္းဆီးရမိ
ဇန်နဝါရီ 10, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ICE (၁၀)ကီလိုအား ဆုိင္ကယ္ျဖင့္ သယ္ေဆာင္ လာသူတစ္ဦးကို ဖမ္းဆီးရမိၿပီးေနာက္ ေရာင္းခ်ေပးသူကိုပါ ဆက္စပ္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔ဝင္မ်ားသည္ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္မ်ား၊ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ပူးေပါင္း၍ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၉) ရက္ေန႔ ည(၉)နာရီ (၅၀)မိနစ္အခ်ိန္တြင္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဝမ္မိုင္ရြာဈ ခရစ္ယာန္ဘုရားေက်ာင္း သြားလမ္းတြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ စိုင္းရွဲန္လာ(ခ)စိုင္းရွဲန္လွအား စစ္ေဆးရာ ဆိုင္ကယ္ေရွ႕ခြ ၾကားတြင္ တင္ေဆာင္လာသည့္ ေက်ာပိုးအိတ္ အတြင္းမွ ေရႊေရာင္တရုတ္ လၻက္ေျခာက္ အိတ္ျဖင့္ ထည့္ထားသည့္ ICE (၆) ကီလိုႏွင့္ ဆိုင္ကယ္ တူးေဘာက္အတြင္း ပလတ္စတစ္ အိတ္ျဖင့္ ထည့္ထားသည့္ ICE (၄) ကီလို စုစုေပါင္း ICE (၁၀) ကီလိုကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ယင္းေနာက္ စစ္ေဆးေဖၚထုတ္ခ်က္ အရ အဆိုပါ ICE မ်ားအား ေရာင္းခ်ေပးခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဟံသာဝတီလမ္းရိွ ေဒၚေမႊးလိန္ကိုလည္း ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းရွဲန္လာ(ခ)စိုင္းရွဲန္လွႏွင့္ ေမႊးလိန္တို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ICE (၁၀)ကီလိုအား ဆိုင်ကယ်ဖြင့် သယ်ဆောင် လာသူတစ်ဦးကို ဖမ်းဆီးရမိပြီးနောက် ရောင်းချပေးသူကိုပါ ဆက်စပ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ည(၉)နာရီ (၅၀)မိနစ်အချိန်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာဈ ခရစ်ယာန်ဘုရားကျောင်း သွားလမ်းတွင် ဆိုင်ကယ် မောင်းနှင်လာသည့် စိုင်းရှဲန်လာ(ခ)စိုင်းရှဲန်လှအား စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွ ကြားတွင် တင်ဆောင်လာသည့် ကျောပိုးအိတ် အတွင်းမှ ရွှေရောင်တရုတ် လ္ဘက်ခြောက် အိတ်ဖြင့် ထည့်ထားသည့် ICE (၆) ကီလိုနှင့် ဆိုင်ကယ် တူးဘောက်အတွင်း ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသည့် ICE (၄) ကီလို စုစုပေါင်း ICE (၁၀) ကီလိုကို သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းနောက် စစ်ဆေးဖော်ထုတ်ချက် အရ အဆိုပါ ICE များအား ရောင်းချပေးခဲ့သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ ဒေါ်မွှေးလိန်ကိုလည်း ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရှဲန်လာ(ခ)စိုင်းရှဲန်လှနှင့် မွှေးလိန်တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒဖြေင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~