ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ကုန်းအတက်၌ မော်တော်ယာဉ် တစ်စီး နောက်ပြန်လိမ့်မှုကြောင့် ယာဉ်တိမ်းမှောက်သွားရာက ယာဉ်မောင်းသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။
Tachileik News Agency
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီရွာနှင့် အားရဲရွာကြား ကားလမ်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၈)နာရီ (၄၅)မိနစ်က အောင်ဆုတင်ဆိုသူ မောင်းနှင်လာသည့် ဆယ်ဘီးယာဉ်သည် အားရဲရွာဘက်မှ မောတွီရွာဘက် ကုန်းအတက်၌ နောက်ပြန်လိမ့်ဆင်းသွားကာ လမ်း၏ယာဘက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အောင်ဆုတင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်မှုဖြင့် သေဆုံးသူ အောင်ဆုတင်အား ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ က ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။
Tachileik News Agency