တာချီလိတ်တွင် လမ်းဘေးရေမြောင်းဖုံးများ ခိုးယူခံရ၍ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်စုံစမ်းနေ

တာချီလိတ်တွင် လမ်းဘေးရေမြောင်းဖုံးများ ခိုးယူခံရ၍ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်စုံစမ်းနေ
ဇနျနဝါရီ 9, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ အဓိက လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး တစ်လျှောက်ရှိ  ရေမြောင်းဖုံး (၁၄)ခု ခိုးယူခံရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


အဆိုပါ သံအဖုံးများအနက် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းတွင် သံအဖုံး (၇)ခု၊ မယ်ခေါင်ရပ်ကွက်တွင် သံအဖုံး (၇)ခု စုစုပေါင်း (၁၄)ခု ခိုးယူခံရသဖြင့် စုံစမ်းဖေါ်ထုတ်ပေးပါရန် မြို့နယ် စည်ပင်သာယာရေးဌာနက တာချီလိတ်မြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ အဓိက လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး တစ်လျှောက်ရှိ ရေမြောင်းဖုံး (၁၄)ခု ခိုးယူခံရသဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

လမ်းတိုးချဲ့ထားသည့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ ရေမြောင်းများတွင် အမှိုက်၊သဲများပိတ်ဆို့ပါက အချိန်နှင့်တစ်ပြေးညီ ဆယ်ယူနိုင်ရန် ရေမြောင်းများကို အပေါက်များ ဖောက်ထားပြီး လမ်းနှင့်တစ်ပြေးညီ ထားရှိသော အဆိုပါ ရေမြောင်းပေါက်များကြောင့် လူ၊ယာဉ်အန္တရာယ်မရှိစေရေး အတွက် သံအဖုံးများ ပိတ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံအဖုံးများအနက် ဆန်ဆို်င်း(ခ)ရပ်ကွက်၊ (၅)လမ်းတွင် သံအဖုံး (၇)ခု၊ မယ်ခေါင်ရပ်ကွက်တွင် သံအဖုံး (၇)ခု စုစုပေါင်း (၁၄)ခု ခိုးယူခံရသဖြင့် စုံစမ်းဖော်ထုတ်ပေးပါရန် မြို့နယ် စည်ပင်သာယာရေးဌာနက တာချီလိတ်မြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ တိုင်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးဌာနပိုင် ရေမြောင်းသံဖုံးများ ခိုးယူခံရမှုကို တာချီလိတ်မြို့မရဲစခန်း၌ (ပ) ၁၄/၂၀၁၉၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~