က်ပ္(၈)သိန္းရယူသည့္ ေျမစာရင္းအရာရွိ ႏွင့္ က်ပ္(၁၀)သိန္းေတာင္းခံသည့္ ဒုရဲအုပ္တို႔ကို ေထာင္ဒဏ္(၁၀)ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ျဖင့္ အမႈဖြင့္

က်ပ္(၈)သိန္းရယူသည့္ ေျမစာရင္းအရာရွိ ႏွင့္ က်ပ္(၁၀)သိန္းေတာင္းခံသည့္ ဒုရဲအုပ္တို႔ကို ေထာင္ဒဏ္(၁၀)ႏွစ္အထိ ခ်မွတ္ႏုိင္သည့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ျဖင့္ အမႈဖြင့္
ဇန်နဝါရီ 30, 2019
By Tachileik News Agency

အဂတိလိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္က  ေထာင္ဒဏ္(၁၀)ႏွစ္အထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖင့္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴးႏွင့္ ေျမတုိင္းစာေရး အပါအ၀င္ ဒုရဲအုပ္တစ္ဦးတုိ႔ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၈) ရက္ေန႔က အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ပက္တန္းေက်း႐ြာရိွ  စားက်က္ေျမကို ေျမဂရန္၊ ပံုစံ (၇)မ်ား ထုတ္ေပးခဲ့စဥ္က ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာနမွ လက္ေထာက္ဦးစီးမွဴး ဦးေအာင္စိုးလင္းက ေငြက်ပ္(၈)သိန္းႏွင့္ ေျမတိုင္း-၄ ဦးေဇာ္ေအးလတ္ တို႔က ေငြက်ပ္ (၃)သိန္းလက္ခံခဲ့မႈျဖင့္ ေမွာ္ဘီၿမိဳ႕မရဲစခန္းတြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ပထမသတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္တြင္ လယ္ထြန္ရန္အတြက္ လိုအပ္သည့္ ကြ်ဲ(၅)ေကာင္ကို စာခ်ဳပ္စာတမ္းျဖင့္ ၀ယ္ယူလာၿပီး စက္ေလွျဖင့္ သယ္လာစဥ္ ကန္ဘဲ့နယ္ေျမရဲစခန္းက အမႈဆင္ ဖမ္းဆီးၿပီး အမႈကိစၥ ညႇိႏႈိင္းရန္ ေငြက်ပ္(၅)သိန္းႏွင့္ တရားခံမ်ား အာမခံ ရရွိေရးအတြက္ ေငြက်ပ္(၅)သိန္း တို႔ကို ေတာင္းခံရယူမႈျဖင့္  ကန္ဘဲ့နယ္ေျမရဲစခန္းမွ အမႈစစ္ ဒုရဲအုပ္ေအာင္ႏိုင္ဦးအား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ အရ ကန္ဘဲ့နယ္ေျမရဲစခန္းတြင္ ဇန္န၀ါရီလ(၂၈)ရက္ေန႔က  ပထမ သတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ သည္ ႏုိင္ငံေရးရာထူး လက္ရွိျဖစ္သူမွ အပ အျခားလုပ္ပိုင္ခြင့္အာဏာရွိသူ မည္သူမဆို အဂတိလိုက္စားမႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို ဆယ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္ေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒတြင္ ျပ႒ာန္းထားရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့် မြေတိုင်းစာရေး အပါအဝင် ဒုရဲအုပ်တစ်ဦးတို့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာရှိ စားကျက်မြေကို မြေဂရန်၊ ပုံစံ (၇)များ ထုတ်ပေးခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းက ငွေကျပ်(၈)သိန်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ် တို့က ငွေကျပ် (၃)သိန်းလက်ခံခဲ့မှုဖြင့် မှော်ဘီမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် လယ်ထွန်ရန်အတွက် လိုအပ်သည့် ကျွဲ(၅)ကောင်ကို စာချုပ်စာတမ်းဖြင့် ဝယ်ယူလာပြီး စက်လှဖြေင့် သယ်လာစဉ် ကန်ဘဲ့နယ်မြေရဲစခန်းက အမှုဆင် ဖမ်းဆီးပြီး အမှုကိစ္စ ညှိနှိုင်းရန် ငွေကျပ်(၅)သိန်းနှင့် တရားခံများ အာမခံ ရရှိရေးအတွက် ငွေကျပ်(၅)သိန်း တို့ကို တောင်းခံရယူမှုဖြင့် ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘဲ့နယ်မြေရဲစခန်းတွင် ဇန်နဝါရီလ(၂၈)ရက်နေ့က ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှ အပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~