တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ေရအားလွ်ပ္စစ္စက္ရံုအနီး နမ့္လံုေခ်ာင္းအတြင္းသို႔ ယာဥ္တစ္စီး အရွိန္လြန္ထိုးက်

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ေရအားလွ်ပ္စစ္စက္ရံုအနီး နမ့္လံုေခ်ာင္းအတြင္းသို႔ ယာဥ္တစ္စီး အရွိန္လြန္ထိုးက်
ဒီဇင်ဘာ 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္းျဖစ္သည့္ မိုင္းဆတ္ - က်ဳိင္းတံုသြားလမ္း ေရအားလွ်ပ္စစ္ စက္ရံုအနီးတြင္ ေမာ္ေတာ္ယာဥ္တစ္စီး ေရေခ်ာင္းထဲ ထိုးက်သြားမႈ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္း၊ မိုင္းၿဖတ္ၿမိဳ႕နယ္ေရအားလွ်ပ္စစ္စက္ရံုအနီး၊ မိုင္တိုင္ အမွတ္(၇၀၂/၇၀၃)မွတ္တိုင္အၾကားတြင္ ဦးခင္ေမာင္လွ ေမာင္းလာၿပီး ညီညီႏိုင္ လိုက္ပါလာသည့္ ပရိုေဘာက္အမ်ဳိးအစား ေမာ္ေတာ္ယာဥ္သည္ လမ္းအေကြ႕တြင္ အရွိန္လြန္သြားၿပီး တစ္ပတ္လည္သြားကာ လမ္းမႀကီးေဘးရွိ နမ့္လံုေရေခ်ာင္းထဲသို႔ ထိုးက်တိမ္းေမွာက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အသက္(၄၂)ႏွစ္ရွိ ယာဥ္ေမာင္ ဦးခင္ေမာင္လွမွာ ရင္ဘက္နာက်င္ ဒဏ္ရာသာရရွိခဲ့ၿပီး ယာဥ္ေပၚလိုက္ပါလာသူ ညီညီႏိုင္မွာ ဒဏ္ရာရရွိျခင္းမရွိေၾကာင္း သိရသည္။

နမ့္လံုေခ်ာင္းအတြင္း ယာဥ္ထိုးက်သြားမႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ - ၂၇၉/၃၃၇အျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းတစ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်းဖြစ်သည့် မိုင်းဆတ် - ကျိုင်းတုံသွားလမ်း ရေအားလျှပ်စစ် စက်ရုံအနီးတွင် မော်တော်ယာဉ်တစ်စီး ရေချောင်းထဲ ထိုးကျသွားမှု ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ် - ကျိုင်းတုံသွားလမ်း၊ မိုင်းဖြတ်မြို့နယ်ရေအားလျှပ်စစ်စက်ရုံအနီး၊ မိုင်တိုင် အမှတ်(၇၀၂/၇၀၃)မှတ်တိုင်အကြားတွင် ဦးခင်မောင်လှ မောင်းလာပြီး ညီညီနိုင် လိုက်ပါလာသည့် ပရိုဘောက်အမျိုးအစား မော်တော်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်လွန်သွားပြီး တစ်ပတ်လည်သွားကာ လမ်းမကြီးဘေးရှိ နမ့်လုံရေချောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အသက်(၄၂)နှစ်ရှိ ယာဉ်မောင် ဦးခင်မောင်လှမှာ ရင်ဘက်နာကျင် ဒဏ်ရာသာရရှိခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ညီညီနိုင်မှာ ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျသွားမှုနှင့် ပတ်သက်၍ ယာဉ်မောင်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၂၇၉/၃၃၇အဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းတစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~