မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဝါးတောတွင် ဖဲရိုက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၅)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
မင်းလှမြို့ နယ်၊ ရေနံမနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် နေအောင်ဦးနှင့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၅) နာရီခွဲဝန်းကျင်တွင် သက်သေများနှင့် အတူ စစ္စနို့ - ကန်တုတ်ကားလမ်း၏ မြောက်ဘက် (၂)ဖာလုံခန့် အကွာရှိ ရေနံမကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာကြား ဝါးတောအတွင်း ဝင်ရောက် ရှာဖွေဖမ်းဆီးရာ ဝါးရုံပင်အောက်တွင် ဖဲကစားနေသည့် အသက်(၂၅)နှစ်မှ အသက်(၆၀)ကြား အသက်အရွယ်ရှိသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဖမ်းဆီးရမိပြီး ငွေကျပ်(၁၄၇,ဝဝဝ)ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
ဖဲကစားနေသည့် ကြည်ခိုင်၊ ဝင်းရီ၊ မကြီး၊ မငယ်၊ မဝင်းနှင့် မလင်းတို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်းတွင် (ပ)၄၆/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့