ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္ ေမာင္ေတာၿမိဳ႕ နယ္ျခားမွတ္တုိင္အနီးတြင္ ပိုင္ရွင္မဲ့အျဖစ္ စီးကရက္မ်ား သိမ္းဆည္းရမိ

ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္ ေမာင္ေတာၿမိဳ႕ နယ္ျခားမွတ္တုိင္အနီးတြင္ ပိုင္ရွင္မဲ့အျဖစ္ စီးကရက္မ်ား သိမ္းဆည္းရမိ
ဒီဇင်ဘာ 23, 2018
By Tachileik News Agency

ျမန္မာ -  ဘဂၤလားေဒ့ရွ္နယ္စပ္ ေမာင္ေတာၿမိဳ႕နယ္ နယ္ျခားမွတ္တုိင္အနီးတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၃) ရက္ေန႔ နံနက္ (၂) နာရီအခ်ိန္က နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနသည့္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားကို ေတြ႔၍ ပစ္ခ်ထြက္ေျပးသြားသည့္ ဆာလာအိတ္(၁၁)လံုးအတြင္းမွ စီးကရက္ဗူးမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္း ရမိေၾကာင္း သိရသည္။

ေမာင္ေတာၿမိဳ႕နယ္၊ နယ္ေျမ (၃)၊ နယ္ျခားမွတ္တိုင္(၃၆)အနီး၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား နယ္ေျမလုံၿခဳံေရး ေဆာင္ရြက္ေနစဥ္ လွ်ိဳအတြင္းမွ ေတာတိုးသံႏွင့္ လူသံမ်ားၾကားရသျဖင့္ တပ္ဖြဲ႕ဝင္မ်ားက လွ်ိဳအတြင္း ဆင္း၍ စစ္ေဆးရာ အမ်ိဳးသားတစ္စုက ဆာလာအိတ္မ်ား ပစ္ခ်ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆာလာအိတ္မ်ားအား စစ္ေဆးရာ တစ္အိတ္လ်င္ စီးကရက္ေတာင့္ (၅၀)စီ စုစုေပါင္း စီးကရက္ေတာင့္ (၅၅၀)ကို ေတြ႔ရသျဖင့္ အမွတ္(၆)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲစစ္ေၾကာင္း႐ုံး (ေတာင္ၿပိဳ)စခန္းသို႔ သယ္ေဆာင္ သိမ္းဆည္း၍ ဥပေဒႏွင့္အညီ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် နယ်ခြားမှတ်တိုင်အနီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် (၂) နာရီအချိန်က နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့၍ ပစ်ချထွက်ပြေးသွားသည့် ဆာလာအိတ်(၁၁)လုံးအတွင်းမှ စီးကရက်ဗူးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ (၃)၊ နယ်ခြားမှတ်တိုင်(၃၆)အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် လျှိုအတွင်းမှ တောတိုးသံနှင့် လူသံများကြားရသဖြင့် တပ်ဖွဲ့ဝင်များက လျှိုအတွင်း ဆင်း၍ စစ်ဆေးရာ အမျိုးသားတစ်စုက ဆာလာအိတ်များ ပစ်ချထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆာလာအိတ်များအား စစ်ဆေးရာ တစ်အိတ်လျင် စီးကရက်တောင့် (၅၀)စီ စုစုပေါင်း စီးကရက်တောင့် (၅၅၀)ကို တွေ့ရသဖြင့် အမှတ်(၆)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစစ်ကြောင်းရုံး (တောင်ပြို)စခန်းသို့ သယ်ဆောင် သိမ်းဆည်း၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~