ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် စိတ်ကြွဆေးပြား (၁၀,၀၀၀)သယ်လာသည့် လူငယ်တစ်ဦးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် တာချီလိတ်မြို့တွင်းဘက်သို့ ကျလောမောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၁၀,ဝဝဝ)ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် ကျလောအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၂၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့