ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပိတ်ဆို့စစ်ဆေးမှု လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်(၁)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် စိတ်ကြွ ဆေးပြား (၅၁၀)ပြားကို ပြန်လည် ရောင်းချရန် ဝယ်ယူလာသည်ဟုဆိုသော အမျိုးသားတစ်ဦးကို ဖမ်းဆီး ရမိလိုက်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ
မိုင်းဖြတ် - မိုင်းယောင်းကားလမ်း ပါပူးလမ်းဆုံအနီးတွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးနေသည့် ရဲတပ်ဖွဲ့က မိုင်းယောင်းဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးကို စစ်ဆေးရာ အင်္ကျီအိတ်အတွင်း ငှက်ပျောရွက်ခြောက်ဖြင့် ထုပ်၍ ထည့်သွင်းလာသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား (၅၁၀)ပြားကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိသည့် ဒါဝိဒ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့