တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းတြင္ တရားမဝင္ သစ္ (၁၉)တန္ေက်ာ္ သယ္လာသူအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းတြင္ တရားမဝင္ သစ္ (၁၉)တန္ေက်ာ္ သယ္လာသူအား ဖမ္းဆီးရမိ
နိုဝင်ဘာ 8, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)  တာခ်ီလိတ္ - မုိင္းဆတ္သြားလမ္းႏွင့္ (၁)မုိင္ခန္႔အကြာရိွ ၿမိဳ႕ေရွာင္လမ္း၌ တရားမဝင္ သစ္(၁၉)တန္ေက်ာ္သယ္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးႏွင့္အတူ သယ္ေဆာင္လာသူ တစ္ဦးအား ဖမ္းဆီးရမိသျဖင့္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၇)ရက္ေန႔တြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ႏွင့္ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတို႔မွ တာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ တရားမဝင္ သစ္ေတာထြက္ပစၥည္းမ်ား ရွာေဖြဖမ္းဆီးေဖၚထုတ္ေရး ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၆)ရက္ေန႔က လွည့္လည္စစ္ေဆးရာ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕ေရွာင္လမ္းေပၚ တာခ်ီလိတ္ - မုိင္းဆတ္လမ္းမႀကီးမွ တစ္မုိင္ခန္႔အကြာတြင္ ရပ္ထားသည့္ (၁၀)ဘီးယာဥ္ ႏွစ္စီးကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရာ ေမာ္ေတာ္ယာဥ္တစ္စီးတြင္ အင္ၾကင္းသစ္မာခြဲသား (၀.၉၅၀၈)တန္ႏွင့္ အင္သစ္မာခြဲသား (၈.၅၉၀၆)တန္ကိုလည္းေကာင္း အျခားေမာ္ေတာ္ယာဥ္တစ္စီးတြင္ အင္ၾကင္းသစ္မာခြဲသား (၁၀.၁၂၅)တန္ကိုလည္းေကာင္း စုစုေပါင္း သစ္တန္ခ်ိန္(၁၉.၆၆၆၄)တန္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ၿပီး အဆိုပါသစ္မ်ားအား သယ္လာသည့္ စိုင္းႀကံေအာင္ျမင့္ကို ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ သယ္ေဆာင္လာသည့္သစ္မ်ားႏွင့္အတူ ေတြ႔ရသည့္ စိုင္းႀကံေအာင္ျမင့္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၉၁/၂၀၁၈၊ သစ္ေတာဥပေဒပုဒ္မ ၄၂(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ရှောင်လမ်းတွင် တရားမဝင် သစ် (၁၉)တန်ကျော် သယ်လာသူအား ဖမ်းဆီးရမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ် - မိုင်းဆတ်သွားလမ်းနှင့် (၁)မိုင်ခန့်အကွာရှိ မြို့ရှောင်လမ်း၌ တရားမဝင် သစ်(၁၉)တန်ကျော်သယ်လာသည့် မော်တော်ယာဉ်(၂)စီးနှင့်အတူ သယ်ဆောင်လာသူ တစ်ဦးအား ဖမ်းဆီးရမိသဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တရားမဝင် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးဖေါ်ထုတ်ရေး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့က လှည့်လည်စစ်ဆေးရာ တာချီလိတ်မြို့ မြို့ရှောင်လမ်းပေါ် တာချီလိတ် - မိုင်းဆတ်လမ်းမကြီးမှ တစ်မိုင်ခန့်အကွာတွင် ရပ်ထားသည့် (၁၀)ဘီးယာဉ် နှစ်စီးကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်များအား စစ်ဆေးရာ မော်တော်ယာဉ်တစ်စီးတွင် အင်ကြင်းသစ်မာခွဲသား (ဝ.၉၅၀၈)တန်နှင့် အင်သစ်မာခွဲသား (၈.၅၉၀၆)တန်ကိုလည်းကောင်း အခြားမော်တော်ယာဉ်တစ်စီးတွင် အင်ကြင်းသစ်မာခွဲသား (၁၀.၁၂၅)တန်ကိုလည်းကောင်း စုစုပေါင်း သစ်တန်ချိန်(၁၉.၆၆၆၄)တန်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါသစ်များအား သယ်လာသည့် စိုင်းကြံအောင်မြင့်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် သယ်ဆောင်လာသည့်သစ်များနှင့်အတူ တွေ့ရသည့် စိုင်းကြံအောင်မြင့်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၉၁/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~