တာခ်ီလိတ္ၿမိဳ႕အထြက္ ဝမ္ပံုသြားလမ္း ေဝွေလလန္ဂိတ္မွ ေမာင္းတံအား လူငယ္(၂)ဦးစီးနင္းလာသည့္ ဆုိင္ကယ္က ည (၇)နာရီဝန္းက်င္က ဝင္တုိက္မိၿပီး တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရသြားသျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
“လူငယ္ (၂)ေယာက္ပဲ။ ဆိုင္ကယ္က ေမာင္းတံကို ဝင္တုိက္ထားတာ။ ေမာင္းတံက ေကြးသြားတယ္။ ဆုိင္ကယ္ကလည္း ေဘးကေျမာင္းထဲထိုးက်သြားတယ္။ အရက္ကတအားမူးေနတာထင္တယ္။ တစ္ေယာက္က စကားကို ေကာင္းေကာင္း မေျပာႏုိင္ဘူး။ အရက္မူးေနတာ”ဟု အခင္းျဖစ္ေနရာတြင္ လူနာသြားသယ္ေပးသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အခင္းျဖစ္ေနရာအား တာဝန္ရိွသူမ်ားက စစ္ေဆးေဆာင္ရြက္ေနၿပီး ဒဏ္ရာရသူႏွင့္ ေသဆံုးသူတုိ႔အား အတည္မျပဳႏုိင္ေသးေၾကာင္း သိရသည္။
ႏိုဝင္ဘာလ(၇)ရက္ေန႔ နံနက္ပိုင္းကလည္း ေဟာင္လိတ္ရပ္ကြက္၊ ဝမ္ေဟာင္ဘုန္းႀကီးေက်ာင္းေရွ႕တြင္ ေကြ႕ရန္အခ်က္ျပထားသည့္ ဒိုင္နာယာဥ္၏ အခ်က္ျပမီးကို သတိမထားဘဲ ဆိုင္ကယ္က ေက်ာ္တက္ရာမွ ယာဥ္တုိက္မႈျဖစ္ပြားသျဖင့္ ဆုိင္ကယ္ေမာင္းႏွင္သည့္ အသက္(၁၉)ႏွစ္အရြယ္ လူငယ္မွာ ဒဏ္ရာရသြားေၾကာင္း သိရသည္။
“ကားက ေကြ႕မယ့္ဘက္ကို ေခါင္းတည္ၿပီး အခ်က္ျပမီးလည္း ျပထားတယ္။ ေနာက္က ဆုိင္ကယ္က ေက်ာ္တက္တာမွာ ခ်ိတ္မိသြားတာ။ ယာဥ္စည္းကမ္းအရဆိုရင္ ေနာက္က ေက်ာ္တက္မယ့္ယာဥ္က ေရွ႕ကယာဥ္အခ်က္ျပတာကို ၾကည့္ရတာပါ”ဟု တာဝန္က်ယာဥ္ထိန္းက ေျပာသည္။
အဆိုပါလူငယ္အား တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ၎ဝင္ေရာက္တို္က္မိသည့္ ေမာ္ေတာ္ယာဥ္က လိုက္ပါပို႔ေဆာင္ေပးခဲ့ၿပီး ယင္းမွတစ္ဆင့္ မယ္ဆုိင္ေဆးရံုသို႔ ေရႊ႕ေျပာင္းကုသမႈခံယူသျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ပို႔ေဆာင္ကူညီေပးထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့က ဆိုင်ကယ်က ကားကိုဝင်တိုက်မှုနှင့် ဆိုင်ကယ်က ဂိတ်မောင်းတံအား တိုက်မိမှုများ ဖြစ်ပွားပြီး လူငယ်(၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
တာချီလိတ်မြို့အထွက် ဝမ်ပုံသွားလမ်း ဝှေလေလန်ဂိတ်မှ မောင်းတံအား လူငယ်(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်က ည (၇)နာရီဝန်းကျင်က ဝင်တိုက်မိပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
“လူငယ် (၂)ယောက်ပဲ။ ဆိုင်ကယ်က မောင်းတံကို ဝင်တိုက်ထားတာ။ မောင်းတံက ကွေးသွားတယ်။ ဆိုင်ကယ်ကလည်း ဘေးကမြောင်းထဲထိုးကျသွားတယ်။ အရက်ကတအားမူးနေတာထင်တယ်။ တစ်ယောက်က စကားကို ကောင်းကောင်း မပြောနိုင်ဘူး။ အရက်မူးနေတာ”ဟု အခင်းဖြစ်နေရာတွင် လူနာသွားသယ်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခင်းဖြစ်နေရာအား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေပြီး ဒဏ်ရာရသူနှင့် သေဆုံးသူတို့အား အတည်မပြုနိုင်သေးကြောင်း သိရသည်။
နိုဝင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းကလည်း ဟောင်လိတ်ရပ်ကွက်၊ ဝမ်ဟောင်ဘုန်းကြီးကျောင်းရှေ့တွင် ကွေ့ရန်အချက်ပြထားသည့် ဒိုင်နာယာဉ်၏ အချက်ပြမီးကို သတိမထားဘဲ ဆိုင်ကယ်က ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဆိုင်ကယ်မောင်းနှင်သည့် အသက်(၁၉)နှစ်အရွယ် လူငယ်မှာ ဒဏ်ရာရသွားကြောင်း သိရသည်။
“ကားက ကွေ့မယ့်ဘက်ကို ခေါင်းတည်ပြီး အချက်ပြမီးလည်း ပြထားတယ်။ နောက်က ဆိုင်ကယ်က ကျော်တက်တာမှာ ချိတ်မိသွားတာ။ ယာဉ်စည်းကမ်းအရဆိုရင် နောက်က ကျော်တက်မယ့်ယာဉ်က ရှေ့ကယာဉ်အချက်ပြတာကို ကြည့်ရတာပါ”ဟု တာဝန်ကျယာဉ်ထိန်းက ပြောသည်။
အဆိုပါလူငယ်အား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ၎င်းဝင်ရောက်တိုက်မိသည့် မော်တော်ယာဉ်က လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် မယ်ဆိုင်ဆေးရုံသို့ ရွှေ့ပြောင်းကုသမှုခံယူသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း