မိုင်းဖြတ်မြို့နယ်အတွင်း လက်ကိုင်ဖုန်းတစ်လုံးခိုးယူသည်ဟု မသင်္ကာမှုဖြင့် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီး

မိုင်းဖြတ်မြို့နယ်အတွင်း လက်ကိုင်ဖုန်းတစ်လုံးခိုးယူသည်ဟု မသင်္ကာမှုဖြင့် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအား ဖမ်းဆီး
နိုဝင်ဘာ 23, 2018
By Tachileik News Agency


ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် အဖွဲ့သည် နယ်မြေသတင်းစုံစမ်းနေစဉ် ခိုးမှုကျော်ဇော သတင်းရှိသည့် အသက်(၁၇)နှစ်အရွယ် လူငယ်အား တွေ့ရသဖြင့် စစ်ဆေးရာ ၎င်း၏ ခါးကြားတွင် ထိုးထားသည့် HUWEI တံဆိပ် လက်ကိုင်ဖုန်းကို ဆင်းကဒ်မပါဘဲတွေ့ရပြီး ဖုန်းကိုပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသဖြင့် ခိုးမှုမသင်္ကာဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နန့်နင်းကျေးရွာအုပ်စု၊ နန့်နင်းကျေးရွာတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ညနေ (၄)နာရီကျော်က လက်ကိုင်ဖုန်းတစ်လုံး ခိုးယူလာသည်ဟု မသင်္ကာမှုဖြင့် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် အဖွဲ့သည် နယ်မြေသတင်းစုံစမ်းနေစဉ် ခိုးမှုကျော်ဇော သတင်းရှိသည့် အသက်(၁၇)နှစ်အရွယ် လူငယ်အား တွေ့ရသဖြင့် စစ်ဆေးရာ၎င်း၏ ခါးကြားတွင် ထိုးထားသည့် HUWEI တံဆိပ် လက်ကိုင်ဖုန်းကို ဆင်းကဒ်မပါဘဲတွေ့ရပြီး ဖုန်းကိုပိုင်ဆိုင်ကြောင်း ပြောဆိုနို်င်ခြင်း မရှိသဖြင့် ခိုးမှုမသင်္ကာဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~