မင္းလွၿမိဳ႕နယ္အတြင္း ကေလးတစ္ဦးပါဝင္သည့္ ခိုးဝင္ဘဂၤါလီ (၁၁)ဦး ဖမ္းဆီးရမိ

မင္းလွၿမိဳ႕နယ္အတြင္း ကေလးတစ္ဦးပါဝင္သည့္ ခိုးဝင္ဘဂၤါလီ (၁၁)ဦး ဖမ္းဆီးရမိ
နိုဝင်ဘာ 28, 2018
By 🌸
မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕နယ္အတြင္းသို႔  တရားမဝင္ ဝင္ေရာက္လာသည့့္ ဘဂၤါလီ(၁၁)ဦးကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇)ရက္ေန႔က ဖမ္းဆီးရမိသျဖင့္ မင္းလွၿမိဳ႕နယ္အတြင္း ၂၀၁၈ခု မတ္လမွ ႏိုဝင္ဘာလ (၂၅)ရက္ေန႔အထိ တရားမဝင္ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံရသည့္ ဘဂၤါလီ (၁၃၁)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

 “မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔က မသကၤာဖြယ္လူစိမ္းေတြ႔ရိွရင္ သတင္းေပးၾကဖို႔ ေဒသခံျပည္သူေတြကို စဥ္ဆက္မျပတ္ အသိပညာေပး ေဆာင္ရြက္ေနတဲ့အက်ိဳးဆက္ေၾကာင့္ရယ္၊ ရပ္ကင္း၊ ဝပ္ကင္းေတြနဲ႔ အဆက္မျပတ္ ေဆာင္ရြက္ေနတဲ့ အက်ိဳးဆက္ေတြေၾကာင့္ ၂၀၁၈ ခုႏွစ္၊ မတ္လပိုင္းကေန ႏိုဝင္ဘာလ(၂၇) ရက္ေန႔အထိ (၁၃၁)ဦးကို တားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆက္လက္ၿပီးလည္း တားဆီးႏိုင္ေအာင္ အားထုတ္သြားၾကမွာပါ”ဟု မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အထက္မင္းလွၿမိဳ႕နယ္၊ မီးေလာင္ကုန္းေက်းရြာအေနာက္ဘက္(၃)မိုင္ခန္႔အကြာ၌ မသကၤာဖြယ္ လူစိမ္းမ်ားေတြ႔ရိွေၾကာင္း ေအာက္တိုဘာလ(၂၇)ရက္ ည(၁၀)နာရီ(၁၀)မိနစ္အခ်ိန္တြင္ သတင္းေပးခ်က္အရ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းအဖဲြ႔က သြားေရာက္စစ္ေဆးရာ ဆားတြင္းကြင္းအတြင္းေတာစပ္မွ ဘဂၤါလီ လူႀကီး (၁၀)ဦးႏွင့္ ကေလး(၁)ဦးတို႔ကို အေထာက္အထားမဲ့ေရာက္ရိွေနသည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔မွာ ရန္ကုန္ၿမိဳ႕တြင္ သြားေရာက္အလုပ္လုပ္ကိုင္ရန္အတြက္ လြန္ခဲ့ေသာ (၁၅)ရက္ခန္႔က ရခိုင္ျပည္နယ္ဘက္မွ ထြက္ခြာဝင္ေရာက္လာျခင္းျဖစ္ေၾကာင္းသိရသည္။

မေကြးတိုင္းအတြင္း ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ အေထာက္အထားမဲ့ ဘဂၤါလီမ်ားကို မၾကာခဏဖမ္းဆီးရမိေနျခင္းျဖစ္ေၾကာင္း သိရၿပီး ၎တို႔အား လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္ တရားစဲြဆိုေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု -ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းလှမြို့နယ်အတွင်း ကလေးတစ်ဦးပါဝင်သည့် ခိုးဝင်ဘင်္ဂါလီ (၁၁)ဦး ဖမ်းဆီးရမိ
*********
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းသို့  တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ(၁၁)ဦးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့က ဖမ်းဆီးရမိသဖြင့် မင်းလှမြို့နယ်အတွင်း ၂၀၁၈ခု မတ်လမှ နိုဝင်ဘာလ (၂၅)ရက်နေ့အထိ တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် ဘင်္ဂါလီ (၁၃၁)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 “မင်းလှမြို့နယ်ရဲတပ်ဖွဲ့က မသင်္ကာဖွယ်လူစိမ်းတွေ့ရှိရင် သတင်းပေးကြဖို့ ဒေသခံပြည်သူတွေကို စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်နေတဲ့အကျိုးဆက်ကြောင့်ရယ်၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ အဆက်မပြတ် ဆောင်ရွက်နေတဲ့ အကျိုးဆက်တွေကြောင့် ၂၀၁၈ ခုနှစ်၊ မတ်လပိုင်းကနေ နိုဝင်ဘာလ(၂၇) ရက်နေ့အထိ (၁၃၁)ဦးကို တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း တားဆီးနိုင်အောင် အားထုတ်သွားကြမှာပါ”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အထက်မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် လူစိမ်းများတွေ့ရှိကြောင်း အောက်တိုဘာလ(၂၇)ရက် ည(၁၀)နာရီ(၁၀)မိနစ်အချိန်တွင် သတင်းပေးချက်အရ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဆားတွင်းကွင်းအတွင်းတောစပ်မှ ဘင်္ဂါလီ လူကြီး (၁၀)ဦးနှင့် ကလေး(၁)ဦးတို့ကို အထောက်အထားမဲ့ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် လွန်ခဲ့သော (၁၅)ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ ထွက်ခွာဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းအတွင်း ဖြတ်ကျော်ဝင်ရောက်လာသည့် အထောက်အထားမဲ့ ဘင်္ဂါလီများကို မကြာခဏဖမ်းဆီးရမိနေခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ -ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~