တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၂)မွတဆင့္ ဆိုဒီယမ္ဆုိင္ယာႏုိက္မ်ားကို ကားျဖင့္ တင္ေဆာင္လာရာမွာ ဖမ္းခံရသည့္ ထိုင္းႏုိင္ငံသားအား ဥပေဒအရ အေရးယူၿပီးေနာက္ ထိုင္းႏုိင္ငံသို႔ ျပည္ႏွင္ဒဏ္အျဖစ္ လႊဲေျပာင္း

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၂)မွတဆင့္ ဆိုဒီယမ္ဆုိင္ယာႏုိက္မ်ားကို ကားျဖင့္ တင္ေဆာင္လာရာမွာ ဖမ္းခံရသည့္ ထိုင္းႏုိင္ငံသားအား ဥပေဒအရ အေရးယူၿပီးေနာက္ ထိုင္းႏုိင္ငံသို႔ ျပည္ႏွင္ဒဏ္အျဖစ္ လႊဲေျပာင္း
နိုဝင်ဘာ 3, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔  ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွေန၍ ဆိုဒီယမ္ဆုိင္ယာႏုိက္ ေပပါ(၃၀၀) တင္သြင္းလာသျဖင့္ ဖမ္းဆီး အေရးယူခံထားရသည့္ ထိုင္းႏုိင္ငံသား တစ္ဦးကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔ ေန႔လယ္ပိုင္းက ျပည္ႏွင္ဒဏ္ေပးလုိက္ေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားကို ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္ လ၀ကမွဴး ဦးေအာင္ေအာင္ထြန္း၊ ျမန္မာ- ထုိင္းခ်စ္ၾကည္ေရးတံတား(၂) တာဝန္ခံ ဒုလဝကမွဴး ၾကည္လင္းႏွင့္ တာဝန္ရိွသူမ်ား ပါဝင္သည့္ အဖြဲ႕က ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားျဖစ္သည့္ ထိုင္းလဝက ဦးစီးအရာရိွ  ခ်ာဒရီဒရူတာ ဦးေဆာင္သည့္ ထုိင္း TBC ႏွင့္ နယ္ျခားေစာင့္တပ္တို႔ ပါဝင္သည့္အဖြဲ႕သို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္သည္။

ျမန္မာဘက္မွ တာဝန္ရိွသူမ်ားက ျပည္ႏွင္ဒဏ္ေပးခံရသူအား ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) နယ္စပ္မ်ဥ္းတြင္ ထုိင္းဘက္သို႔ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္ၿပီး ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားႏွင့္အတူ ျပည္ႏွင္ဒဏ္ေပးခံရသူ၏ မိသားစုလည္း လိုက္ပါလာသည္ကို ေတြ႔ရသည္။

အဆိုပါ ထိုင္းႏုိင္ငံသား Sawat Kaeodam သည္ ၂၀၁၈ ခုႏွစ္ ဇြန္လ(၂)ရက္ေန႔ နံနက္ပိုင္းက  (၁၀)ဘီး ယာဥ္ျဖင့္ ဆိုဒီယမ္ဆိုင္ရာႏိုက္ (Sodium Cyanide )  ေပပါ (၃၀၀)လံုးကို တာခ်ီလိတ္ဘက္သို႔ သယ္ေဆာင္ လာသည္ကို ထိုင္းႏိုင္ငံ ONCB ႏွင့္ သတင္းဖလွယ္ ဆက္သြယ္မႈအရ ျမန္မာႏိုင္ငံ မူးယစ္ ရဲတပ္ဖြဲ႔သည္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔ႏွင့္ အတူ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၂)တြင္ ဖမ္းဆီး ထိန္းသိမ္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ယာႏုိက္မ်ား တရားမဝင္သယ္ေဆာင္လာသည့္ ထိုင္းႏိုင္ငံ က်င္းရွဲန္ၿမိဳ႕မွ အသက္(၄၂)ႏွစ္အရြယ္ ထိုင္းႏိုင္ငံသား  Sawat Kaeodam သည္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၉/၂၀၁၈၊ ဓါတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အႏၱရာယ္မွ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၃၇ ႏွင့္ ၃၈ တို႔ ျဖင့္ အမႈဖြင့္ စစ္ေဆး ခံခဲ့ရၿပီးေနာက္ ဥပေဒအရ အေရးယူထားျခင္း ျဖစ္သည္။

အဆိုပါထုိင္းႏုိင္ငံသားအား  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီးရံုး၊ ျပည္ေထာင္စုဝန္ႀကီးရံုးက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ ၁၉၄၇ ခုႏွစ္ ျမန္မာႏုိင္ငံ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒ ၇(၁)အရ ျပည္ႏွင္မိန္႔ ေပးထားျခင္း ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ(၃)ရက္ေန႔ ေန႔လယ္(၁၁)နာရီ (၅၅)မိနစ္က ထိုင္းႏုိင္ငံသို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -  ခ်ယ္ရီထိုက္ ၊  ဆန္းၿဖဳိးထြန္း

  


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှနေ၍ ဆိုဒီယမ်ဆိုင်ယာနိုက် ပေပါ(၃၀၀) တင်သွင်းလာသဖြင့် ဖမ်းဆီး အရေးယူခံထားရသည့် ထိုင်းနိုင်ငံသား တစ်ဦးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ် လဝကမှူး ဦးအောင်အောင်ထွန်း၊ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား(၂) တာဝန်ခံ ဒုလဝကမှူး ကြည်လင်းနှင့် တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများဖြစ်သည့် ထိုင်းလဝက ဦးစီးအရာရှိ ချာဒရီဒရူတာ ဦးဆောင်သည့် ထိုင်း TBC နှင့် နယ်ခြားစောင့်တပ်တို့ ပါဝင်သည့်အဖွဲ့သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

မြန်မာဘက်မှ တာဝန်ရှိသူများက ပြည်နှင်ဒဏ်ပေးခံရသူအား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) နယ်စပ်မျဉ်းတွင် ထိုင်းဘက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ပြည်နှင်ဒဏ်ပေးခံရသူ၏ မိသားစုလည်း လိုက်ပါလာသည်ကို တွေ့ရသည်။

အဆိုပါ ထိုင်းနိုင်ငံသား Sawat Kaeodam သည် ၂၀၁၈ ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက (၁၀)ဘီး ယာဉ်ဖြင့် ဆိုဒီယမ်ဆိုင်ရာနိုက် (Sodium Cyanide ) ပေပါ (၃၀၀)လုံးကို တာချီလိတ်ဘက်သို့ သယ်ဆောင် လာသည်ကို ထိုင်းနိုင်ငံ ONCB နှင့် သတင်းဖလှယ် ဆက်သွယ်မှုအရ မြန်မာနိုင်ငံ မူးယစ် ရဲတပ်ဖွဲ့သည် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် အတူ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၂)တွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ယာနိုက်များ တရားမဝင်သယ်ဆောင်လာသည့် ထိုင်းနိုင်ငံ ကျင်းရှဲန်မြို့မှ အသက်(၄၂)နှစ်အရွယ် ထိုင်းနိုင်ငံသား Sawat Kaeodam သည် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆၉/၂၀၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇ နှင့် ၃၈ တို့ ဖြင့် အမှုဖွင့် စစ်ဆေး ခံခဲ့ရပြီးနောက် ဥပဒေအရ အရေးယူထားခြင်း ဖြစ်သည်။

အဆိုပါထိုင်းနိုင်ငံသားအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ပြည်ထောင်စုဝန်ကြီးရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ၇(၁)အရ ပြည်နှင်မိန့် ပေးထားခြင်း ဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့ နေ့လယ်(၁၁)နာရီ (၅၅)မိနစ်က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~