မိုးေအာင္ ေမာင္းႏွင္ၿပီး ခ်စ္ဦးလုိက္ပါစီးနင္းလာသည့္ဆိုုင္ကယ္သည္ အားကစားရံုမီးပြဳိင့္လမ္းဆံုဘက္မွ ေဂါက္ကြင္းဘက္သို႔ ေမာင္းႏွင္လာစဥ္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးတိမ္းေမွာက္သြားျခင္းျဖစ္ရာ ယာဥ္ေမာင္း မိုးေအာင္မွာ ဒဏ္ရာအနည္းငယ္ရသြားၿပီး ေနာက္မွစီးနင္းလုိက္ပါလာသည့္ ခ်စ္ဦးမွာ ေနာက္ေစ့ဖူးေရာင္ဒဏ္ရာျဖင့္ သတိလစ္ေမ့ေမ်ာေနသျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ေရာက္ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ကယ္ေမွာက္လို႔ ေဆးရံုေရာက္ေနတယ္ဆိုၿပီး ကၽြန္ေတာ္တို႔ဆီကို သတင္းပို႔မွ သိရတာ။ ယာဥ္တိမ္းေမွာက္တဲ့ေနရာကေန ဒဏ္ရာရသူကို သူတုိ႔ဘာသာ ေဆးရံုသယ္လာတာ။ ယာဥ္ေမာင္းကိုေတာ့ အမႈဖြင့္ထားၿပီး အာမခံေပးလို႔ရတဲ့အမႈျဖစ္လို႔ ဖမ္းဆီးမထားပါဘူး”ဟု အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ ရဲအုပ္ ေအာင္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါထိခိုက္ဒဏ္ရာရသူအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးမွတစ္ဆင့္ မယ္ဆိုင္ေဆးရံုသို႔ ည (၁၂)ခြဲဝန္းက်င္တြင္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
“သူတို႔ယာဥ္တုိက္မႈျဖစ္တဲ့လူနာကို ေဆးရံုႀကီးကေန မယ္ဆုိင္ဘက္ပို႔မယ္ဆိုလို႔ ည (၁၂)ခြဲေလာက္က သြားပို႔ေပးထားပါတယ္။ ယာဥ္တုိက္မႈျဖစ္တဲ့အခ်ိန္ေတာ့ ကၽြန္ေတာ္တို႔ဆီ မဆက္သြယ္လို႔ မသိရဘူး။ ေဆးရံုကေန ဟိုဘက္ကို ေဆးသြားကုမယ္ဆိုလို႔ လိုက္ပုိ႔ေပးထားပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။
ဆုိင္ကယ္ေမာင္းႏွင္သည့္ မိုးေအာင္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၄၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အားကစားရုံမီးပွိုင့်လမ်းဆုံတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ ည(၁၂)နာရီကျော်က ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်သဖြင့် ဒဏ်ရာပြင်းထန်စွာရ သွားသူကို မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆိုင်ကယ်မောင်းသူကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးအောင် မောင်းနှင်ပြီး ချစ်ဦးလိုက်ပါစီးနင်းလာသည့်ဆိုင်ကယ်သည် အားကစားရုံမီးပွိုင့်လမ်းဆုံဘက်မှ ဂေါက်ကွင်းဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတိမ်းမှောက်သွားခြင်းဖြစ်ရာ ယာဉ်မောင်း မိုးအောင်မှာ ဒဏ်ရာအနည်းငယ်ရသွားပြီး နောက်မှစီးနင်းလိုက်ပါလာသည့် ချစ်ဦးမှာ နောက်စေ့ဖူးရောင်ဒဏ်ရာဖြင့် သတိလစ်မေ့မျောနေသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်မှောက်လို့ ဆေးရုံရောက်နေတယ်ဆိုပြီး ကျွန်တော်တို့ဆီကို သတင်းပို့မှ သိရတာ။ ယာဉ်တိမ်းမှောက်တဲ့နေရာကနေ ဒဏ်ရာရသူကို သူတို့ဘာသာ ဆေးရုံသယ်လာတာ။ ယာဉ်မောင်းကိုတော့ အမှုဖွင့်ထားပြီး အာမခံပေးလို့ရတဲ့အမှုဖြစ်လို့ ဖမ်းဆီးမထားပါဘူး”ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု၊ တာချီလိတ်မှ ရဲအုပ် အောင်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါထိခိုက်ဒဏ်ရာရသူအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မယ်ဆိုင်ဆေးရုံသို့ ည (၁၂)ခွဲဝန်းကျင်တွင် တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးထားကြောင်း သိရသည်။
“သူတို့ယာဉ်တိုက်မှုဖြစ်တဲ့လူနာကို ဆေးရုံကြီးကနေ မယ်ဆိုင်ဘက်ပို့မယ်ဆိုလို့ ည (၁၂)ခွဲလောက်က သွားပို့ပေးထားပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အချိန်တော့ ကျွန်တော်တို့ဆီ မဆက်သွယ်လို့ မသိရဘူး။ ဆေးရုံကနေ ဟိုဘက်ကို ဆေးသွားကုမယ်ဆိုလို့ လိုက်ပို့ပေးထားပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
ဆိုင်ကယ်မောင်းနှင်သည့် မိုးအောင်ကို တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း