တာခ်ီလိတ္တြင္ တစ္ရက္အတြင္း လမ္းေဘးေရေျမာင္းအတြင္း ဆုိင္ကယ္ထိုးက်မႈႏွင့္ ဆုိင္ကယ္ကို ကားျဖင့္ တုိက္မိထြက္ေျပးမႈတို႔ေၾကာင့္ လူငယ္ (၂)ဦး ေသဆံုး

တာခ်ီလိတ္တြင္ တစ္ရက္အတြင္း လမ္းေဘးေရေျမာင္းအတြင္း ဆုိင္ကယ္ထိုးက်မႈႏွင့္ ဆုိင္ကယ္ကို ကားျဖင့္ တုိက္မိထြက္ေျပးမႈတို႔ေၾကာင့္ လူငယ္ (၂)ဦး ေသဆံုး
အောက်တိုဘာ 31, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္ အေစာပိုင္းက လမ္းေဘးေရေျမာင္းအတြင္း ဆုိင္ကယ္ထိုးက်မႈႏွင့္ ဆုိင္ကယ္ကို ကားျဖင့္တိုက္မိ ထြက္ေျပးမႈတို႔ေၾကာင့္ ထုိင္းႏုိင္ငံသား(၁)ဦးႏွင့္ ျမန္မာႏုိင္ငံသား(၁)ဦးတို႔ ေသဆံုးသြားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္ (၁)နာရီဝန္းက်င္က ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့ရြာႏွင့္ မယ္ေခါင္ရပ္ကြက္သြား ကြန္ကရစ္တံတားအနီးလမ္းမတြင္ ေတာ္ေကာ့(တြင္း)ရြာဘက္မွ ေရႊေျမသာယာေစ်းဘက္သို႔ အသက္(၃၁)ႏွစ္အရြယ္ အုိက္လံုေမာင္းႏွင္လာသည့္ဆုိင္ကယ္သည္ လမ္းေဘးေရေျမာင္းအတြင္း ဆိုင္ကယ္ထိုးက်သြားၿပီး ဒဏ္ရာရသြားသျဖင့္ ေဆးရံုတင္ပို႔စဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ နံနက္(၁)နာရီ မိနစ္(၅၀)အခ်ိန္တြင္ ဆန္ဆိုင္း(၄)လမ္းသြယ္အတြင္းမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမေပၚ ခ်ိဳးေကြ႕ၿပီး ပံုလို႔လမ္းဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ ပံုလို႔လမ္းဆံုဘက္မွ အားကစားရံုမီးပိြဳင့္ဘက္သို႔ လူ(၂)ဦးစီးနင္းလာသည့္ ဆိုင္ကယ္အား ဝင္တုိက္မိၿပီး ထြက္ေျပးေမာင္းႏွင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈေၾကာင့္ ဆုိင္ကယ္ေနာက္မွစီးနင္းလာသည့္ အသက္ (၂၅)ႏွစ္အရြယ္ ထုိင္းႏုိင္ငံသား Mr.Chanakan Saentar မွာ ေနရာတြင္ေသဆံုးသြားၿပီး ဆိုင္ကယ္ေမာင္းႏွင္သည့္ အသက္ (၂၁)ႏွစ္အရြယ္ စိုင္းဆြမ္ဆိုင္းမွာ ဒဏ္ရာရသြားသျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုပို႕ေဆာင္ကုသေနရာမွ မယ္ဆုိင္ေဆးရံုသို႔ ေျပာင္းေရႊ႕ကုသမႈခံယူေနေၾကာင္း သိရသည္။

အဆိုပါအခင္းျဖစ္ရပ္မ်ားမွ ဒဏ္ရာရလူနာမ်ားႏွင့္ ေသဆံုးသူတုိ႔အား တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ေရေျမာင္းအတြင္းထိုးက်သည့္ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ အုိက္လံုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၄၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ က ျဖင့္အမႈဖြင့္ထားၿပီး ဆုိင္ကယ္အား တုိက္မိထြက္ေျပးသြားသည့္ ေမာ္ေတာ္ယာဥ္ေမာင္းကို ယာဥ္(ပ)၄၁/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈/၃၀၄ က/၂၀၂ ျဖင့္ အမႈဖြင့္ စံုစမ္းေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် တစ်ရက်အတွင်း လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျမှုနှင့် ဆိုင်ကယ်ကို ကားဖြင့် တိုက်မိထွက်ပြေးမှုတို့ကြောင့် လူငယ် (၂)ဦး သေဆုံး
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် အစောပိုင်းက လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျမှုနှင့် ဆိုင်ကယ်ကို ကားဖြင့်တိုက်မိ ထွက်ပြေးမှုတို့ကြောင့် ထိုင်းနိုင်ငံသား(၁)ဦးနှင့် မြန်မာနိုင်ငံသား(၁)ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရွာနှင့် မယ်ခေါင်ရပ်ကွက်သွား ကွန်ကရစ်တံတားအနီးလမ်းမတွင် တော်ကော့(တွင်း)ရွာဘက်မှ ရွှေမြေသာယာဈေးဘက်သို့ အသက်(၃၁)နှစ်အရွယ် အိုက်လုံမောင်းနှင်လာသည့်ဆိုင်ကယ်သည် လမ်းဘေးရေမြောင်းအတွင်း ဆိုင်ကယ်ထိုးကျသွားပြီး ဒဏ်ရာရသွားသဖြင့် ဆေးရုံတင်ပို့စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နံနက်(၁)နာရီ မိနစ်(၅၀)အချိန်တွင် ဆန်ဆိုင်း(၄)လမ်းသွယ်အတွင်းမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ် ချိုးကွေ့ပြီး ပုံလို့လမ်းဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ပုံလို့လမ်းဆုံဘက်မှ အားကစားရုံမီးပွိုင့်ဘက်သို့ လူ(၂)ဦးစီးနင်းလာသည့် ဆိုင်ကယ်အား ဝင်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှစီးနင်းလာသည့် အသက် (၂၅)နှစ်အရွယ် ထိုင်းနိုင်ငံသား Mr.Chanakan Saentar မှာ နေရာတွင်သေဆုံးသွားပြီး ဆိုင်ကယ်မောင်းနှင်သည့် အသက် (၂၁)နှစ်အရွယ် စိုင်းဆွမ်ဆိုင်းမှာ ဒဏ်ရာရသွားသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံပို့ဆောင်ကုသနေရာမှ မယ်ဆိုင်ဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ရပ်များမှ ဒဏ်ရာရလူနာများနှင့် သေဆုံးသူတို့အား တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ရေမြောင်းအတွင်းထိုးကျသည့် ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အိုက်လုံအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က ဖြင့်အမှုဖွင့်ထားပြီး ဆိုင်ကယ်အား တိုက်မိထွက်ပြေးသွားသည့် မော်တော်ယာဉ်မောင်းကို ယာဉ်(ပ)၄၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄ က/၂၀၂ ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~