မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္ဘဂၤါလီ (၁၁၄)ဦးေျမာက္ကို ေဒသခံမ်ား ကူညီမႈျဖင့္ ဖမ္းဆီးရမိ

မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္ဘဂၤါလီ (၁၁၄)ဦးေျမာက္ကို ေဒသခံမ်ား ကူညီမႈျဖင့္ ဖမ္းဆီးရမိ
အောက်တိုဘာ 28, 2018
By 🌸
မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာသည့့္ ဘဂၤါလီ(၁)ဦးအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၇)ရက္ေန႔က ဖမ္းဆီးရမိသျဖင့္ မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္ဘဂၤါလီ(၁၁၄)ဦးေျမာက္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

“မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔က မသကၤာ ဖြယ္လူစိမ္းေတြ႔ရိွရင္ သတင္းေပးၾကဖို႔ ေဒသခံျပည္သူေတြကို စဥ္ဆက္မျပတ္အသိပညာေပး ေဆာင္ရြက္ေနတဲ့ အက်ိဳးဆက္ရယ္၊ ရပ္ကင္း၊ ဝပ္ကင္းေတြနဲ႔ ေဆာင္ရြက္ေနတဲ့ အက်ိဳးဆက္ေတြေၾကာင့္ မတ္လပိုင္းကေန ေအာက္တိုဘာလ(၂၇)ရက္ေန႔အထိ (၁၁၄)ဦးကို တားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္”ဟု မင္းလွၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴး ထင္ေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ ေဒသခံမ်ား၏ သတင္းေပးခ်က္အရ ေအာက္တိုဘာလ(၂၇)ရက္ေန႔ ညေန(၄)နာရီ (၁၅)မိနစ္အခ်ိန္တြင္ မီးေလာင္ကုန္းေက်းရြာ အေနာက္ဘက္ (၂)မိုင္ခန္႔အကြာရိွ ဆားတြင္းကြင္းေတာအစပ္၌ အသက္(၁၇)ႏွစ္အရြယ္ မာဟတ္မူဒရာမန္ကို ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ၎အား  လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ အမႈဖြင့္ တရားစဲြႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏွင့္နယ္စပ္ ရခုိင္ျပည္နယ္မွေန၍ ႏုိင္ငံသားမဟုတ္သည့္ ဘဂၤါလီမ်ားအား ေငြေၾကးရယူၿပီး ႏုိင္ငံတြင္း ခိုးသယ္သူမ်ားအျပင္ ေတာလမ္းမ်ားမွလည္း ခိုးဝင္မႈမ်ားရိွေနရာ ေဒသတြင္း မသကၤာဖြယ္ လူစိမ္းေတြ႔ရိွပါက ရဲတပ္ဖြဲ႕ထံ သတင္းေပးရန္ အသိပညာေပးမ်ားလုပ္ေဆာင္ထားၿပီးေနာက္ လူထုပူးေပါင္းကူညီမႈျဖင့္ ဖမ္းဆီးရမိမႈတိုးလာေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းလှမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ (၁၁၄)ဦးမြောက်ကို ဒေသခံများ ကူညီမှုဖြင့် ဖမ်းဆီးရမိ
************
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီ(၁)ဦးအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က ဖမ်းဆီးရမိသဖြင့် မင်းလှမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ(၁၁၄)ဦးမြောက်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မင်းလှမြို့နယ်ရဲတပ်ဖွဲ့က မသင်္ကာ ဖွယ်လူစိမ်းတွေ့ရှိရင် သတင်းပေးကြဖို့ ဒေသခံပြည်သူတွေကို စဉ်ဆက်မပြတ်အသိပညာပေး ဆောင်ရွက်နေတဲ့ အကျိုးဆက်ရယ်၊ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေတဲ့ အကျိုးဆက်တွေကြောင့် မတ်လပိုင်းကနေ အောက်တိုဘာလ(၂၇)ရက်နေ့အထိ (၁၁၄)ဦးကို တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထင်အောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သည့်အဖွဲ့သည် ဒေသခံများ၏ သတင်းပေးချက်အရ အောက်တိုဘာလ(၂၇)ရက်နေ့ ညနေ(၄)နာရီ (၁၅)မိနစ်အချိန်တွင် မီးလောင်ကုန်းကျေးရွာ အနောက်ဘက် (၂)မိုင်ခန့်အကွာရှိ ဆားတွင်းကွင်းတောအစပ်၌ အသက်(၁၇)နှစ်အရွယ် မာဟတ်မူဒရာမန်ကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းအား  လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ် ရခိုင်ပြည်နယ်မှနေ၍ နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီများအား ငွေကြေးရယူပြီး နိုင်ငံတွင်း ခိုးသယ်သူများအပြင် တောလမ်းများမှလည်း ခိုးဝင်မှုများရှိနေရာ ဒေသတွင်း မသင်္ကာဖွယ် လူစိမ်းတွေ့ရှိပါက ရဲတပ်ဖွဲ့ထံ သတင်းပေးရန် အသိပညာပေးများလုပ်ဆောင်ထားပြီးနောက် လူထုပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိမှုတိုးလာကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~