တာခ်ီလိတ္တြင္ ေလာင္းကစားဂိမ္းခံု ဖြင့္လွစ္ေၾကာင္း သတင္းရသည့္ ေနရာကို ရဲတပ္ဖြဲ႕မွ ေရွာင္တခင္ ၀င္စစ္

တာခ်ီလိတ္တြင္ ေလာင္းကစားဂိမ္းခံု ဖြင့္လွစ္ေၾကာင္း သတင္းရသည့္ ေနရာကို ရဲတပ္ဖြဲ႕မွ ေရွာင္တခင္ ၀င္စစ္
အောက်တိုဘာ 25, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္အတြင္း ေလာင္းကစား ဂိမ္းခံုဖြင့္ထားၿပီး မူးယစ္ေဆးဝါးေရာင္းဝယ္သံုးစြဲမႈမ်ားရိွေၾကာင္း သတင္းအရ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဦးစီးသည့္အဖြဲ႕ျဖင့္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမႈ လုပ္ေဆာင္ေၾကာင္း သိရသည္။

ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္/ၿမိဳ႕မရဲတပ္ဖြဲ႕မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ မကာဟိုခမ္းရပ္ကြက္ရိွ အေဆာက္အဦတစ္ခုအား ၂၀၁၈ ခုႏွစ္၊  သီတင္းကြ်တ္လျပည့္ေန႔ ေအာက္တိုဘာလ (၂၄)ရက္ေန႔ ညေန(၄)က ဝင္ေရာက္စစ္ေဆးရာ ဖမ္းဆီးရမိခဲ့ျခင္း မရိွေၾကာင္း သိရသည္။

“မေန႔က သတင္းအရ ဝင္စစ္ေတာ့ ဘာမွေတာ့ မေတြ႔ရဘူး။ အရင္ကေတာ့ ရပ္ကြက္ထဲမွာ ဂိမ္းခံုေတြက အနည္းနဲ႔ အမ်ားေတာ့ ရိွပါတယ္။ ဖြင့္ထားၾကတာေပါ့။ သတိေပးၿပီး ကတည္းက ဖြင့္တာေတာ့ မေတြ႕ရေတာ့ပါဘူး။ စက္တင္ဘာလ ေနာက္ဆံုးပတ္ကတည္းက သတိေပးထားတာပါ”ဟု မကာဟိုခမ္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းခမ္းဟိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ေပၚထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး သန္းႏု၊ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွဴး ဒုရဲမွဴးမ်ိဳးခိုင္၊ မူးယစ္ရဲတပ္ဖြဲ႕၊ မကာဟိုခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစိုင္းခမ္းဟိန္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ျပည္သူစစ္ အဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္မ်ားအတြင္း ငါးဂိမ္းခံုဟုေခၚသည့္ ေလာင္းကစားဂိမ္းခံုမ်ား အမ်ားအျပား ရိွေနရာ မူးယစ္ေဆးဝါးျပႆနာ အပါအဝင္ လူမႈဘဝတြင္ ထိခိုက္ခံစားရမႈမ်ားရိွလာသျဖင့္ အဆိုပါ ေလာင္းကစားခံုမ်ားအား သက္ဆုိင္ရာမွ ပိတ္သိမ္းေပးရန္ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ ရပ္ကြက္လူထုက လက္မွတ္ေရးထိုးၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၀) ရက္ေန႔က ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပခဲ့ၾကျခင္းျဖစ္သည္။

ယင္းသို႔ တင္ျပၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားအေနျဖင့္ မိမိတို႔ ရပ္ကြက္အတြင္း ေလာင္းကစားဂိမ္းခံုမ်ားဖြင့္လွစ္သည္ကို ေတြ႔ရိွရပါက သက္ဆုိင္ရာသို႔ သတင္းပို႔ တုိင္ၾကားရန္ႏွင့္ ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္းမရိွေစေရး ေစာင့္ၾကည့္ေစရန္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက လက္မွတ္ေရးထိုးေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မကာဟိုခမ္းရပ္ကြက္ရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်အတွင်း လောင်းကစား ဂိမ်းခုံဖွင့်ထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများရှိကြောင်း သတင်းအရ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု လုပ်ဆောင်ကြောင်း သိရသည်။

ပြည်နယ်/ခရိုင်/မြို့နယ်/မြို့မရဲတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မကာဟိုခမ်းရပ်ကွက်ရှိ အဆောက်အဦတစ်ခုအား ၂၀၁၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၂၄)ရက်နေ့ ညနေ(၄)က ဝင်ရောက်စစ်ဆေးရာ ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း သိရသည်။

“မနေ့က သတင်းအရ ဝင်စစ်တော့ ဘာမှတော့ မတွေ့ရဘူး။ အရင်ကတော့ ရပ်ကွက်ထဲမှာ ဂိမ်းခုံတွေက အနည်းနဲ့ အများတော့ ရှိပါတယ်။ ဖွင့်ထားကြတာပေါ့။ သတိပေးပြီး ကတည်းက ဖွင့်တာတော့ မတွေ့ရတော့ပါဘူး။ စက်တင်ဘာလ နောက်ဆုံးပတ်ကတည်းက သတိပေးထားတာပါ”ဟု မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ပေါ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သန်းနု၊ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးမျိုးခိုင်၊ မူးယစ်ရဲတပ်ဖွဲ့၊ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူစစ် အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရပ်ကွက်များအတွင်း ငါးဂိမ်းခုံဟုခေါ်သည့် လောင်းကစားဂိမ်းခုံများ အများအပြား ရှိနေရာ မူးယစ်ဆေးဝါးပြဿနာ အပါအဝင် လူမှုဘဝတွင် ထိခိုက်ခံစားရမှုများရှိလာသဖြင့် အဆိုပါ လောင်းကစားခုံများအား သက်ဆိုင်ရာမှ ပိတ်သိမ်းပေးရန် တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက်လူထုက လက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တင်ပြပြီးနောက် တာချီလိတ်မြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနဖြေင့် မိမိတို့ ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံများဖွင့်လှစ်သည်ကို တွေ့ရှိရပါက သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားရန်နှင့် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်းမရှိစေရေး စောင့်ကြည့်စေရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မကာဟိုခမ်းရပ်ကွက်ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~