၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔ ည(၁၁)နာရီဝန္းက်င္က အသက္(၂၅)ႏွစ္အရြယ္ အုိက္တစ္သည္ အုိက္ယီေမာင္းႏွင္သည့္ ဆုိင္ကယ္ေနာက္မွ ထုိင္လိုက္ၿပီး အိုက္ေကာင္က ဆိုင္ကယ္တစ္စီး စီးနင္းကာ ဆိုင္ကယ္(၂)စီးျဖင့္ မုိင္းကိုးေနအိမ္သို႔ ျပန္လာၾကရာ တာခ်ီလိတ္ - က်ိဳင္းတံုလမ္း မယ္ဟုတ္ေက်းရြာ တံတားအေက်ာ္တြင္ ေရအိုင္အား ျဖတ္ေမာင္းစဥ္ တစ္ဖက္ယာဥ္ေၾကာမွ မ်က္ႏွာခ်င္းဆုိင္ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္(၃)စီးကို ေရစင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ဖက္ယာဥ္ေၾကာမွ ဆုိင္ကယ္ (၃)စီးက ျပန္ေကြ႕လာၿပီး ဆိုင္ကယ္(၁)စီးက အိုက္ယီေမာင္းႏွင္ၿပီး အိုက္တစ္ေနာက္မွစီးနင္းလုိက္ပါလာသည့္ ဆုိင္ကယ္ေရွ႕တြင္ ပိတ္ရပ္လုိက္ၿပီး လူ(၂)ဦးစီ စီးနင္းလာသည့္ ဆုိင္ကယ္(၂)စီးက ေနာက္မွပိတ္ရပ္ကာ ဓါးျဖင့္ထုိးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဒဏ္ရာရသူကို တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဓါးထိုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၇၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ အမႈဖြင့္ထားၿပီး လူငယ္(၅)ဦးကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဓါတ္ပံု - ရဲတပ္ဖြဲ႕
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လမ်းပေါ်မှရေအိုင်အား ဆိုင်ကယ်ဖြတ်မောင်းစဉ် မျက်နှာချင်းဆိုင်မှလာသည့် ဆိုင်ကယ်မောင်းသူများကို ရေစင်သွားသဖြင့် ဓါးဖြင့်လိုက်ထိုးခံရကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က အသက်(၂၅)နှစ်အရွယ် အိုက်တစ်သည် အိုက်ယီမောင်းနှင်သည့် ဆိုင်ကယ်နောက်မှ ထိုင်လိုက်ပြီး အိုက်ကောင်က ဆိုင်ကယ်တစ်စီး စီးနင်းကာ ဆိုင်ကယ်(၂)စီးဖြင့် မိုင်းကိုးနေအိမ်သို့ ပြန်လာကြရာ တာချီလိတ် - ကျိုင်းတုံလမ်း မယ်ဟုတ်ကျေးရွာ တံတားအကျော်တွင် ရေအိုင်အား ဖြတ်မောင်းစဉ် တစ်ဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ဆိုင်ကယ်(၃)စီးကို ရေစင်သွားခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ် (၃)စီးက ပြန်ကွေ့လာပြီး ဆိုင်ကယ်(၁)စီးက အိုက်ယီမောင်းနှင်ပြီး အိုက်တစ်နောက်မှစီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်လိုက်ပြီး လူ(၂)ဦးစီ စီးနင်းလာသည့် ဆိုင်ကယ်(၂)စီးက နောက်မှပိတ်ရပ်ကာ ဓါးဖြင့်ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူကို တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဓါးထိုးမှုအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၇၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် သြဂုတ်လ (၂၃)ရက်နေ့တွင် အမှုဖွင့်ထားပြီး လူငယ်(၅)ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့