မေကြးၿမိဳ႕ရွိ Myanmar Best Food & Beverage Co.,Ltd ရံုးခြဲတြင္ ျခင္ေဆးထြန္းထားရာမွ မီးေလာင္မႈု ျဖစ္ပြား

မေကြးၿမိဳ႕ရွိ Myanmar Best Food & Beverage Co.,Ltd ရံုးခြဲတြင္ ျခင္ေဆးထြန္းထားရာမွ မီးေလာင္မႈု ျဖစ္ပြား
သြဂုတ် 24, 2018
By Tachileik News Agency

မေကြးၿမိဳ႕၊ ကန္သာရပ္ကြက္၊ ေမတၱာလမ္း၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၄)ရက္ေန႔ ညေန (၃)နာရီ (၁၀)မိနစ္အခ်ိန္ခန္႔တြင္ Myanmar Best Food & Beverage Co.,Ltd မေကြးရံုးခြဲ၌ ျခင္ေဆးေခြထြန္းထားရာမွ မီးေလာင္ကၽြမ္းမႈျဖစ္ပြား၍ အေဆာက္အဦတစ္လံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။

"အထဲမွာ တအံုးအံုးနဲ႔ ျမည္ၿပီး လိႈက္ေလာင္ေနတာ။ ပထမေတာ့ ရန္သတ္တယ္ပဲ ထင္ေနတာ။ မွန္ေတြကဲြၿပီး မီးခိုးေတြ ထြက္လာေတာ့မွ ကၽြန္ေတာ္တို႔မွာရိွတဲ့ မီးသတ္ဗူးေတြဆဲြၿပီး တက္ျဖန္းတယ္။ မီးသတ္ေဆးဗူးက ကုန္သြားၿပီး မီးကၿငိမ္းသြားမလုိလိုနဲ႔ ထေတာက္လာျပန္တာေၾကာင့္ အနားရိွတဲ့ လူေတြေခၚၿပီး ေရနဲ႔ပက္ ၿငႇိမ္းၾကေပမဲ့ မႏိုင္ဘူးဗ်။ မီးသတ္ကားေတြ ေရာက္လာၿပီး အေတာ္ ၿငိႇမ္းယူၾကရပါတယ္" ဟု မီးေလာင္သည့္ အေဆာက္အဦႏွင့္ ကပ္လွ်က္ရိွ ဘိလိယက္ခံုပိုင္ရွင္ ကိုကိုေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အေဆာက္အဦမွာ Myanmar Best Food & Beverage Co.,Ltd က ငွားရမ္း အလုပ္ လုပ္ကိုင္ေနသည့္ အေဆာက္အဦ ျဖစ္ေၾကာင္းသိရၿပီး ျခင္ေဆးေခြထြန္းထားရာမွ သိုေလွာင္ထားေသာ မုန္႔ထုပ္မ်ားကို မီးစဲြေလာင္ျခင္းျဖစ္ေၾကာင္း မီးသတ္ဦးစီးဌာန၏ စစ္ေဆးေတြ႔ရိွခ်က္အရ သိရသည္။

"ျခင္ေဆးေခြထြန္းထားရာကေန မုန္႔ထုပ္ေတြေပၚ မီးစဲြေလာင္တာလို႔ စစ္ေဆးေတြ႔ရိွရပါတယ္။ ကၽြန္ေတာ္တို႔ ညေန (၃)နာရီ(၁၀)မိနစ္မွာ မီးသတင္းရၿပီး သေႏၶ(၅၆)ေယာက္၊ အရန္(၂၅)ေယာက္၊ မီးၿငိႇမ္းသတ္ယာဥ္(၈)စီး၊ ေရသယ္ယာဥ္(၂)စီး၊ အေထာက္အကူျပဳယာဥ္(၂)စီး၊ အုပ္ခ်ဳပ္မႈယာဥ္(၁)စီးနဲ႔ သြားေရာက္ ၿငိႇမ္းသတ္ႏိုင္ခဲ့တာေၾကာင့္ ညေန(၃)နာရီခဲြအခ်ိန္မွာ မီးထိန္းႏိုင္ၿပီး (၃)နာရီ(၄၀)မိနစ္အခ်ိန္မွာ မီးလံုးဝၿငိမ္းသြားပါတယ္" ဟု မေကြးတိုင္းမီးသတ္ဦးစီးမွဴး ညႊန္ၾကားေရးမွဴး ဦးေအာင္ဝင္းစိန္က ေျပာသည္။

အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္၍ Myanmar Best Food & Beverage Co.,Ltd မေကြးရံုးခြဲ၏ မန္ေနဂ်ာ ေက်ာ္ေက်ာ္ထက္ေအာင္အား မေကြးၿမိဳ႕မရဲစခန္းတြင္ ေခၚယူစစ္ေဆးေနၿပီး အမႈဖြင့္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးမြို့၊ ကန်သာရပ်ကွက်၊ မေတ္တာလမ်း၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၄)ရက်နေ့ ညနေ (၃)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် Myanmar Best Food & Beverage Co.,Ltd မကွေးရုံးခွဲ၌ ခြင်ဆေးခွေထွန်းထားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ အဆောက်အဦတစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

"အထဲမှာ တအုံးအုံးနဲ့ မြည်ပြီး လှိုက်လောင်နေတာ။ ပထမတော့ ရန်သတ်တယ်ပဲ ထင်နေတာ။ မှန်တွေကွဲပြီး မီးခိုးတွေ ထွက်လာတော့မှ ကျွန်တော်တို့မှာရှိတဲ့ မီးသတ်ဗူးတွေဆွဲပြီး တက်ဖြန်းတယ်။ မီးသတ်ဆေးဗူးက ကုန်သွားပြီး မီးကငြိမ်းသွားမလိုလိုနဲ့ ထတောက်လာပြန်တာကြောင့် အနားရှိတဲ့ လူတွေခေါ်ပြီး ရေနဲ့ပက် ငြှိမ်းကြပေမဲ့ မနိုင်ဘူးဗျ။ မီးသတ်ကားတွေ ရောက်လာပြီး အတော် ငြှိမ်းယူကြရပါတယ်" ဟု မီးလောင်သည့် အဆောက်အဦနှင့် ကပ်လျှက်ရှိ ဘိလိယက်ခုံပိုင်ရှင် ကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အဆောက်အဦမှာ Myanmar Best Food & Beverage Co.,Ltd က ငှါးရမ်း အလုပ် လုပ်ကိုင်နေသည့် အဆောက်အဦ ဖြစ်ကြောင်းသိရပြီး ခြင်ဆေးခွေထွန်းထားရာမှ သိုလှောင်ထားသော မုန့်ထုပ်များကို မီးစွဲလောင်ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

"ခြင်ဆေးခွေထွန်းထားရာကနေ မုန့်ထုပ်တွေပေါ် မီးစွဲလောင်တာလို့ စစ်ဆေးတွေ့ရှိရပါတယ်။ ကျွန်တော်တို့ ညနေ (၃)နာရီ(၁၀)မိနစ်မှာ မီးသတင်းရပြီး သန္ဓေ(၅၆)ယောက်၊ အရန်(၂၅)ယောက်၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးနဲ့ သွားရောက် ငြှိမ်းသတ်နိုင်ခဲ့တာကြောင့် ညနေ(၃)နာရီခွဲအချိန်မှာ မီးထိန်းနိုင်ပြီး (၃)နာရီ(၄၀)မိနစ်အချိန်မှာ မီးလုံးဝငြိမ်းသွားပါတယ်" ဟု မကွေးတိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ Myanmar Best Food & Beverage Co.,Ltd မကွေးရုံးခွဲ၏ မန်နေဂျာ ကျော်ကျော်ထက်အောင်အား မကွေးမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးနပြေီး အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~