ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ က်ိဳင္းတံု - ကတ္ေတာင္းကားလမ္း၊ ေနာင္ေအာ့ေက်းရြာအနီးတြင္ အသက္(၁၅)ႏွစ္အရြယ္ ကိုရင္တစ္ပါး ေမာင္းနွင္လာသည့္ ဆုိင္ကယ္က လမ္းေဘးဓါတ္တိုင္ကို ဝင္တုိက္မိသျဖင့္ ကိုရင္ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။
ကတ္ေတာင္ေက်းရြာအုပ္စု၊ ယန္းဟုတ္ေက်းရြာရိွ ယန္းဟုတ္ဘုန္းႀကီးေက်ာင္းမွ အသက္(၁၅)ႏွစ္အရြယ္ ကိုရင္ ဖရီတစ္(လူအမည္ စိုင္းရီတစ္)သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔ ညေန(၅)နာရီခြဲ ဝန္းက်င္က က်ိဳင္းတံု - ကတ္ေတာင္းကားလမ္းအတုိင္း က်ိဳင္းတံုဘက္မွ ကတ္ေတာင္ဘက္သို႔ ဆုိင္ကယ္ ေမာင္းႏွင္သြားစဥ္ အရွိန္မထိန္းႏုိင္ဘဲ လမ္းေဘးဓါတ္တုိင္အား ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ေနရာအား သက္ဆုိင္ရာ ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးၿပီး ေသဆံုးသူကို က်ိဳင္းတံုၿမိဳ႕ ႏွလံုးလွလူမႈကူညီေရးအသင္းက က်ိဳင္းတံု ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပ်ံလြန္ေတာ္မူသြားသည့္ ကိုရင္ ဖရီတစ္အား ဥပေဒအရ က်ိဳင္းတံုၿမိဳ႕႔မရဲစခန္းတြင္ ယာဥ္(ပ)၃၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၇၉ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕
ကတ်တောင်ကျေးရွာအုပ်စု၊ ယန်းဟုတ်ကျေးရွာရှိ ယန်းဟုတ်ဘုန်းကြီးကျောင်းမှ အသက်(၁၅)နှစ်အရွယ် ကိုရင် ဖရီတစ်(လူအမည် စိုင်းရီတစ်)သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့ ညနေ(၅)နာရီခွဲ ဝန်းကျင်က ကျိုင်းတုံ - ကတ်တောင်းကားလမ်းအတိုင်း ကျိုင်းတုံဘက်မှ ကတ်တောင်ဘက်သို့ ဆိုင်ကယ် မောင်းနှင်သွားစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးပြီး သေဆုံးသူကို ကျိုင်းတုံမြို့ နှလုံးလှလူမှုကူညီရေးအသင်းက ကျိုင်းတုံ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပျံလွန်တော်မူသွားသည့် ကိုရင် ဖရီတစ်အား ဥပဒေအရ ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့