ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်၍ ရေအမြန်ကျရေး စုပေါင်းဆောင်ရွက်

ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်၍ ရေအမြန်ကျရေး စုပေါင်းဆောင်ရွက်
သွဂုတျ 12, 2018
By Tachileik News Agency


မိုးသည်းထန်စွာ ရွာသွန်းပြီး နန့်ခင်နွဲ့ချောင်းရေကြီးမှုကြောင့် အမှတ်(၅)ရပ်ကွက်၊ ကန်နားပူ(လွယ်)မှ  အမှတ်(၄)ရပ်ကွက်၊ ကန်နားလုံအထိ ကားလမ်း ရေကျော်နေရာ ရေအမြန်ပြန်ကျစေရေး အတွက် ပိတ်ဆို့နေသည့် ရေမြောင်းများ ရှင်းလင်းခြင်းနှင့် ရေကျော်နေသည့် ကားလမ်းတွင် သွားလာရေး အဆင်ပြေစေရေး လူအင်အားများစွာဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။

ရေကြီးမှုဖြစ်ပွားနေသည့် နေရာများတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အတူ ဒေသခံများက ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ နံနက်(၁)နာရီခွဲမှ (၆)နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကျိုင်းတုံ - မိုင်းခတ်ကားလမ်း၌ အမှတ်(၅)ရပ်ကွက်မှ အမှတ်(၄)ရပ်ကွက် အထိ အရှည်ပေ(၆၀၀)ခန့်မှာ ရေအနက် (၁)ပေခွဲခန့် ရေလွှမ်းသွားကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး နန့်ခင်နွဲ့ချောင်းရကြေီးမှုကြောင့် အမှတ်(၅)ရပ်ကွက်၊ ကန်နားပူ(လွယ်)မှ အမှတ်(၄)ရပ်ကွက်၊ ကန်နားလုံအထိ ကားလမ်း ရေကျော်နေရာ ရေအမြန်ပြန်ကျစေရေး အတွက် ပိတ်ဆို့နေသည့် ရေမြောင်းများ ရှင်းလင်းခြင်းနှင့် ရေကျော်နေသည့် ကားလမ်းတွင် သွားလာရေး အဆင်ပြေစေရေး လူအင်အားများစွာဖြင့် ဆောင်ရွက်နကြေကြောင်း သိရသည်။

ရကြေီးမှုဖြစ်ပွားနေသည့် နေရာများတွင် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ထွေအုပ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့မစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အတူ ဒေသခံများက ပူးပေါင်းဆောင်ရွက်နကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~