ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္းအနီး က်ိဳင္းတံု - မိုင္းခတ္လမ္းႏွင့္ ကတ္ထုိက္ေက်းရြာ အုပ္စု ပိန္းခမ္းရြာလမ္းတို႔တြင္ အုိက္စ္ႏွင့္ စိတ္ၾကြေဆးျပားမ်ားကို ဆိုင္ကယ္ တူးေဘာက္စ္ႏွင့္ ေဘာင္းဘီခါးၾကားတုိ႔တြင္ ထည့္၍ သယ္ေဆာင္လာသူ(၂)ဦးကို ရဲတပ္ဖြဲ႕ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။
၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၄)ရက္ေန႔ နံနက္(၁၁)နာရီ (၁၅)မိနစ္ဝန္းက်င္တြင္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံု၊ ေနာင္ဖာရဲကင္း၊ ယာဥ္ထိန္းတပ္ဖြဲ႕စု(၁၁၆)က်ဳိင္းတံု၊ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)၊ စရဖ၊ အမွတ္(၉၁၃) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ရင္းႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ က်ိဳင္းတံုၿမိဳ႕ ေနာင္ဖာရဲကင္း အနီး က်ိဳင္းတံု - မုိင္းခတ္လမ္းတြင္ မိုင္းခတ္ၿမိဳ႕ဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ က်ေထာအား စစ္ေဆးရွာေဖြရန္ တားျမစ္စဥ္ ထြက္ေျပးသျဖင့္ ပူးေပါင္းအဖြဲ႕က ဝိုင္းဝန္း ထိန္းသိမ္းခဲ့ရေၾကာင္း သိရသည္။
၎စီးနင္းလာသည့္ ဆိုင္ကယ္တူးေဘာက္အတြင္းမွ အိုက္စ္ (၂.၀၀၃)ကီလိုဂရမ္ခန္႔ကို ရွာေဖြ ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ ညေန(၃)နာရီအခ်ိန္တြင္ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ႏွိမ္)က်ိဳင္းတံုမွ ဒုရဲအုပ္မ်ိဳးခိုင္ဦးစီးတပ္ဖြဲ႕ဝင္မ်ားနွင့္ သက္ေသမ်ားသည္ ကတ္ထုိက္ေက်းရြာအုပ္စု၊ ကုန္းေကာ္(အာခါ)ရြာႏွင့္ ပိန္းခမ္းရြာၾကား၊ ပိန္းခမ္းရြာ လမ္းတြင္ ပိတ္ဆို႔စစ္ေဆးမႈလုပ္ေနစဥ္ ပိန္းခမ္းရြာဘက္မွ ကုန္းေကာ္(အာခါ)ရြာဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ က်ထီးကို တားဆီးစဥ္ ေနာက္ျပန္လွည့္ ေမာင္းႏွင္ေျပးရန္ႀကိဳးစားသျဖင့္ လံုးေထြးဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။
က်ထီးအား ရွာေဖြရာ ၎၏ေဘာင္းဘီခါးၾကားတြင္လိပ္၍ ယူေဆာင္လာသည့္ စိတ္ၾကြေဆးျပား (၅၉၇)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားျဖင့္ ဖမ္းဆီးရမိသူမ်ားအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရာ က်ေထာအား မယ(ပ) ၁၆၆/၂၀၁၈၊ မူး/စိတ္ ၁၉(က)ျဖင့္လည္းေကာင္း၊ က်ထီးအား မယ(ပ)၁၆၇/၂၀၁၈၊ မူး/စိတ္ ၁၉(က)ျဖင့္လည္းေကာင္း အသီးသီးအေရးယူထားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ နံနက်(၁၁)နာရီ (၁၅)မိနစ်ဝန်းကျင်တွင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၊ နောင်ဖာရဲကင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၁၆)ကျိုင်းတုံ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)၊ စရဖ၊ အမှတ်(၉၁၃) စစ်မြပြေင်အင်ဂျင်နီယာတပ်ရင်းနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့ နောင်ဖာရဲကင်း အနီး ကျိုင်းတုံ - မိုင်းခတ်လမ်းတွင် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကျထောအား စစ်ဆေးရှာဖွေရန် တားမြစ်စဉ် ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ဝိုင်းဝန်း ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
၎င်းစီးနင်းလာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ အိုက်စ် (၂.ဝဝ၃)ကီလိုဂရမ်ခန့်ကို ရှာဖွေ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ညနေ(၃)နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)ကျိုင်းတုံမှ ဒုရဲအုပ်မျိုးခိုင်ဦးစီးတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် ကတ်ထိုက်ကျေးရွာအုပ်စု၊ ကုန်းကော်(အာခါ)ရွာနှင့် ပိန်းခမ်းရွာကြား၊ ပိန်းခမ်းရွာ လမ်းတွင် ပိတ်ဆို့စစ်ဆေးမှုလုပ်နေစဉ် ပိန်းခမ်းရွာဘက်မှ ကုန်းကော်(အာခါ)ရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကျထီးကို တားဆီးစဉ် နောက်ပြန်လှည့် မောင်းနှင်ပြေးရန်ကြိုးစားသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ကျထီးအား ရှာဖွေရာ၎င်း၏ဘောင်းဘီခါးကြားတွင်လိပ်၍ ယူဆောင်လာသည့် စိတ်ကြွဆေးပြား (၅၉၇)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးများဖြင့် ဖမ်းဆီးရမိသူများအား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားရာ ကျထောအား မယ(ပ) ၁၆၆/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့်လည်းကောင်း၊ ကျထီးအား မယ(ပ)၁၆၇/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့်လည်းကောင်း အသီးသီးအရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)