ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး(လမ်းခွဲ)ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့အကူး နံနက် (၁)နာရီမထိုးမီက အရက်မူးပြီး ဓါးကိုင်ရမ်းကားနေသည့် အမျိုးသား(၁)ဦးကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားရကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ
ယန်းလူး(လမ်းခွဲ)ကျေးရွာအနီး လမ်းမပေါ်တွင် ဇူလိုင်လ (၃၁)ရက်နေ့ နံနက်အစောပိုင်းက အရိုးအသွား(၂)ပေခွဲခန့်ရှိသည့် ဓားတစ်လက်ဖြင့် အရက်မူး အော်ဟစ်ဆဲဆိုသောင်းကျန်းနေသည့် အသက်(၄၄)နှစ်အရွယ် တင်အောင်စိုးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းဖြစ်ဖြစ်သည်။
တင်အောင်စိုးကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၅၅/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)အရ အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ