“မေန႔က ည(၈) နာရီ (၄၅)မိနစ္မွာ ဗိုလ္ခ်ဳပ္လမ္းမအတိုင္း ေျမာက္ကေန ေတာင္ကို တက္လာတာကို ေနာက္က ေန ကားကဝင္တုိက္တယ္။ ဆိုင္ကယ္စီးလာတဲ့ဆရာနဲ႔ သမီးက အဲဒီေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆံုးသြားတယ္။ အခုေလာေလာဆယ္မွာေတာ့ ကားကို ေအးသာယာ မံုတ၀လမ္းဆံုမွာ ေတြ႕ခဲ႕တယ္။ တရားခံကေတာ့ ထြက္ေျပးသြားပါတယ္”ဟု အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ( ရွမ္းေတာင္ ) မွ တာ၀န္ရွိသူတစ္ဦး ကေျပာသည္။
ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမတြင္ ဒီဇင္ဘာလ (၃)ရက္ေန႔က ေတာင္ႀကီးတကၠသိုလ္ ဘူမိေဗဒဌာနမွ ကထိကတစ္ဦးႏွင့္ သမီးျဖစ္သူ စတုတၳတန္း ေက်ာင္းသူတို႔ စီးနင္းလာသည့္ဆုိင္ကယ္အား လားရာတူေမာင္းနွင္လာသည့္ကားက အေနာက္မွ ဝင္တိုက္မိျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မွာ ေမာင္းနွင္ထြက္ေျပးသြားသျဖင့္ ဖမ္းဆီးရမိရန္ ရဲတပ္ဖြဲ႕က ေဆာင္ရြက္ေနျခင္းျဖစ္ၾကာင္း သိရသည္။
သတင္း #ႏိုႏို
ဓါတ္ပံု #ယာဥ္ထိန္းတပ္ဖြဲ႕
*******
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဆိုင်ကယ်အား အနောက်မှဝင်တိုက်၍ လူနှစ်ဦးသေဆုံးသွားသည့် ယာဉ်တိုက်မှုမှ မောင်းနှင်ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား အေးသာယာ မုံတဝလမ်းဆုံတွင် တွေ့ရှိထားပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒီဇင်ဘာလ (၄)ရက်နေ့တွင် ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။
“မနေ့က ည(၈) နာရီ (၄၅)မိနစ်မှာ ဗိုလ်ချုပ်လမ်းမအတိုင်း မြောက်ကနေ တောင်ကို တက်လာတာကို နောက်က နေ ကားကဝင်တိုက်တယ်။ ဆိုင်ကယ်စီးလာတဲ့ဆရာနဲ့ သမီးက အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ အခုလောလောဆယ်မှာတော့ ကားကို အေးသာယာ မုံတဝလမ်းဆုံမှာ တွေ့ခဲ့တယ်။ တရားခံကတော့ ထွက်ပြေးသွားပါတယ်”ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်းတောင် ) မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမတွင် ဒီဇင်ဘာလ (၃)ရက်နေ့က တောင်ကြီးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိကတစ်ဦးနှင့် သမီးဖြစ်သူ စတုတ္ထတန်း ကျောင်းသူတို့ စီးနင်းလာသည့်ဆိုင်ကယ်အား လားရာတူမောင်းနှင်လာသည့်ကားက အနောက်မှ ဝင်တိုက်မိခြင်းဖြစ်ပြီး မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ကြာင်း သိရသည်။
သတင်း #နိုနို
ဓါတ်ပုံ #ယာဉ်ထိန်းတပ်ဖွဲ့
