ရြာငံေကာ္ဖီ တန္ ၅၀ ခန္႔ ဧၿပီလအတြင္း ျပည္ပတင္ပို႔မည္

ရြာငံေကာ္ဖီ တန္ ၅၀ ခန္႔ ဧၿပီလအတြင္း ျပည္ပတင္ပို႔မည္
ဧပြီ 19, 2017
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း ရြာငံၿမိဳ႕ ေကာ္ဖီစိုက္ေတာင္သူအဖြဲ႕ (၂၀) ေက်ာ္မွ စုေပါင္းထုတ္လုပ္ေသာ အထူးတန္းေကာ္ဖီ တန္ခ်ိန္ (၅၀) ခန္႔အား ဧၿပီလအတြင္း ဆြစ္ဇာလန္၊ အေမရိကန္ႏွင့္ ထိုင္ဝမ္ႏုိင္ငံမ်ားသို႔ တင္ပို႕နိုင္ရန္ စီစဥ္ေနေၾကာင္း ရြာငံ ေကာ္ဖီအစုအသင္းအဖြဲ႕ ထံမွ သိရသည္။

“အခုေလာေလာဆယ္မွာေတာ့ ဆြစ္ဇာလန္ကို (၆) တန္ပို႕ဖို႕အတြက္ ျပင္ဆင္ေနပါၿပီ။ အားလံုးေတာ့ (၁၈) တန္ ပို႕ရမွာပါ။ ထိုင္၀မ္ကိုေတာ့ (၁၂) တန္ပို႔မွာပါ။ အားလံုးစာခ်ဳပ္လည္းခ်ဳပ္ၿပီးသြားၿပီ။ ေစ်းႏႈန္းလည္း သိၿပီးသြားၿပီ။ ေစ်းႏႈန္းကေတာ့ တစ္တန္ကို ေဒၚလာ (၄၃၀၀) ရပါတယ္။ ရန္ကုန္ဆိမ္ကမ္း သေဘၤာေပၚအေရာက္ ပို႕ေပးရတယ္”ဟု ဦးဝင္းေအာင္ေက်ာ္က ေျပာသည္။

အေမရိကန္ႏုိင္ငံသို႔လည္း တန္ခ်ိန္ (၂၀) တင္ပို႔ရန္ျပင္ဆင္ေနၿပီး ယခုႏွစ္ေကာ္ဖီေစ်းမွာ ယခင္ႏွစ္မ်ားထက္ ေတာင္သူမ်ား ေစ်းပိုရေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ျမန္မာေကာ္ဖီအသင္းကလည္း ဧၿပီ (၁၇) ရက္ေန႔က အေမရိကန္ကို ေကာ္ဖီျပပြဲသြားၾကၿပီ။ ေကာ္ဖီေစ်းကြက္ ရနိုင္ဖို႔ပါ။ ကိုရီးယားနဲ႕ ဂ်ပန္ကိုေတာ့ ျပင္ဦးလြင္၊ မႏၱေလးက ပို႕တယ္။ ရြာငံေကာ္ဖီကေန ေတာင္သူေတြကေနထုတ္တဲ့ အထူးတန္းေကာ္ဖီေတြကေတာ့ အေမရိကန္ ပို႔ဖို႕ ျပင္ဆင္ေနၾကပါၿပီ” ဟု ဦးဝင္းေအာင္ေက်ာ္က ေျပာသည္။

ေကာ္ဖီသီးလံုးစိုအမွည့္အား ယခင္ႏွစ္က တစ္ပိသာလွ်င္ က်ပ္ (၈၀၀)မွ (၉၀၀)အထိသာ ေစ်းရိွေသာ္လည္း ၂၀၁၇ ခုႏွစ္တြင္ တစ္ပိသာလွ်င္ က်ပ္ (၉၀၀)မွ ( ၁၀၀၀)အထိ ေစ်းေပါက္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #U.S Embassy Rangoon

~~~~~~~~⊰❂ unicode ~~~~~~~~

ရွာငံကော်ဖီ တန် ၅၀ ခန့် ဧပြီလအတွင်း ပြည်ပတင်ပို့မည်
***********
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ ကော်ဖီစိုက်တောင်သူအဖွဲ့ (၂၀) ကျော်မှ စုပေါင်းထုတ်လုပ်သော အထူးတန်းကော်ဖီ တန်ချိန် (၅၀) ခန့်အား ဧပြီလအတွင်း ဆွစ်ဇာလန်၊ အမေရိကန်နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ရွာငံ ကော်ဖီအစုအသင်းအဖွဲ့  ထံမှ သိရသည်။

“အခုလောလောဆယ်မှာတော့ ဆွစ်ဇာလန်ကို (၆) တန်ပို့ဖို့အတွက် ပြင်ဆင်နေပါပြီ။ အားလုံးတော့ (၁၈) တန် ပို့ရမှာပါ။ ထိုင်ဝမ်ကိုတော့ (၁၂) တန်ပို့မှာပါ။ အားလုံးစာချုပ်လည်းချုပ်ပြီးသွားပြီ။ စျေးနှုန်းလည်း သိပြီးသွားပြီ။ စျေးနှုန်းကတော့ တစ်တန်ကို ဒေါ်လာ (၄၃၀၀) ရပါတယ်။ ရန်ကုန်ဆိမ်ကမ်း သင်္ဘောပေါ်အရောက် ပို့ပေးရတယ်”ဟု ဦးဝင်းအောင်ကျော်က ပြောသည်။

အမေရိကန်နိုင်ငံသို့လည်း တန်ချိန် (၂၀) တင်ပို့ရန်ပြင်ဆင်နေပြီး ယခုနှစ်ကော်ဖီစျေးမှာ ယခင်နှစ်များထက် တောင်သူများ စျေးပိုရကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာကော်ဖီအသင်းကလည်း ဧပြီ (၁၇) ရက်နေ့က အမေရိကန်ကို ကော်ဖီပြပွဲသွားကြပြီ။ ကော်ဖီစျေးကွက် ရနိုင်ဖို့ပါ။ ကိုရီးယားနဲ့ ဂျပန်ကိုတော့ ပြင်ဦးလွင်၊ မန္တလေးက ပို့တယ်။ ရွာငံကော်ဖီကနေ တောင်သူတွေကနေထုတ်တဲ့ အထူးတန်းကော်ဖီတွေကတော့ အမေရိကန် ပို့ဖို့ ပြင်ဆင်နေကြပါပြီ” ဟု ဦးဝင်းအောင်ကျော်က ပြောသည်။

ကော်ဖီသီးလုံးစိုအမှည့်အား ယခင်နှစ်က တစ်ပိသာလျှင် ကျပ် (၈၀၀)မှ (၉၀၀)အထိသာ စျေးရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် တစ်ပိသာလျှင် ကျပ် (၉၀၀)မှ ( ၁၀၀၀)အထိ စျေးပေါက်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #U.S Embassy Rangoon

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~