မႏၱေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ေတာင္သမန္အင္း ဦးပိန္တံတားဝန္းက်င္တြင္ မႏၱေလးၿမိဳ႕အေျခစိုက္ Natural Green သဘာ၀စိမ္းအဖြဲ႕က စိုက္ပ်ိဳးထားသည့္ မယ္ဇယ္ပင္မ်ား သႀကၤန္ကာလအတြင္း ဖ်က္ဆီးခံရသျဖင့္ ဧၿပီလ (၂၃)ရက္ေန႔တြင္ ျပန္လည္ထိန္းသိမ္းျခင္း လုပ္ေဆာင္ထားေၾကာင္း သိရသည္။
"သႀကၤန္ရက္အတြင္း အမ်ားသူငွာအပန္းေျဖဖို႔ ဆိုင္ခန္းငွားတာကို မေျပာလိုေပမယ့္ ဆိုင္ခန္းခ်ထားေပးတဲ႔ တာဝန္ရွိသူေတြရဲ႕ တာဝန္ယူမွဳမရွိ တန္ဖိုးနားမလည္ပဲ ဖ်က္ဆီးခ်င္တိုင္း ဖ်က္ဆီးေနတာ လက္ပိုက္ႀကည့္ေနသလို ျဖစ္ေနပါတယ္။ ဆိုင္ခန္းခေတြကရတဲ့ ေငြေႀကးေတြကိုေတာ့ ၿမိဳ႕နယ္သန္႔ရွင္းေရး အေၾကာင္း ျပထားေပမယ့္ အင္းထဲမွာေတာ့ အမႈိက္သရိုက္ေတြ ပလတ္စတစ္ေတြ အုန္းသီးခြံေတြနဲ႔ သရုပ္ ပ်က္လွပါတယ္။ ေတာ္ေတာ္ တာဝန္ယူမွဳမဲ့တဲ့ လုပ္ရပ္ပါ ။ အဆိုးဆံုးကေတာ့ မယ္ဇယ္ပင္ေျခမွာ လီတာ ၂၀ ေရသန္႔ ဘူးႀကီးေတြကို အေပါက္အေသးေဖာက္ၿပီး ေရစိမ့္က်ေအာင္ လုပ္ထားတဲ႔ ဘူးခြံေတြ မရွိေတာ့တဲ့ အျပင္ သစ္ပင္တစ္ပင္လံုးကို ပိေတာက္ခက္ေတြ ခ်ည္ထားတဲ့ ပလတ္စတစ္ႀကိဳးေတြ ဝါယာႀကိဳးေတြ တန္းလန္းနဲ႔ ပစ္စလက္ခတ္ လုပ္ထားခဲ့တာပါပဲ။ နိုင္ငံျခားသားေတြလည္း အဆက္မျပတ္ လာေနႀကတာမို႔ အင္းႀကီးကို အေပၚယံဟန္ျပစီမံကြပ္ကဲမွဳေတြ လုပ္ေနတာ အေတာ္ရွက္စရာေကာင္းေနပါတယ္"ဟု သဘာ၀စိမ္းအဖြဲ႕မွ မခင္မ်ဳိးႏြယ္က ေျပာသည္။
သဘာဝစိမ္းအဖြဲ႕က ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ (၄) ရက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ မယ္ဇယ္ပင္(၁၉) ပင္အား ေတာင္သမန္အင္းအနီးတြင္ စိုက္ပ်ိဳးထိန္းသိမ္းေနျခင္းျဖစ္ၿပီး သႀကၤန္ကာလအတြင္း ဦးပိန္တံတားဝန္းက်င္တြင္ ဆိုင္ခန္းေပါင္း (၄၀၀)ေက်ာ္ဖြင့္လွစ္ခြင့္ျပဳခဲ့သည့္ တာဝန္ရိွသူမ်ားက အပင္မ်ား ထိန္းသိမ္းေရးအား လ်စ္လ်ဴရႈခဲ့သျဖင့္ အပင္မ်ား ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
သဘာဝစိမ္းအဖြဲ႕သည္ စုိက္ပ်ိဳးထားသည့္ မယ္ဇယ္ပင္မ်ား ျပန္လည္ ထိန္းသိမ္းေရးႏွင့္အတူ ေတာင္သမန္ ၀န္းက်င္ စိမ္းလန္းစိုျပည္ေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရး လုပ္ငန္းစဥ္မ်ားအား ျပည္သူလူထုမွ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ႏိုင္ေရး အသိပညာေပးျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။
သတင္း - #ေမာင္ယဥ္ေက်း
.......
မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်တွင် မန္တလေးမြို့အခြေစိုက် Natural Green သဘာဝစိမ်းအဖွဲ့က စိုက်ပျိုးထားသည့် မယ်ဇယ်ပင်များ သင်္ကြန်ကာလအတွင်း ဖျက်ဆီးခံရသဖြင့် ဧပြီလ (၂၃)ရက်နေ့တွင် ပြန်လည်ထိန်းသိမ်းခြင်း လုပ်ဆောင်ထားကြောင်း သိရသည်။
"သင်္ကြန်ရက်အတွင်း အများသူငှါအပန်းဖြေဖို့ ဆိုင်ခန်းငှါးတာကို မပြောလိုပေမယ့် ဆိုင်ခန်းချထားပေးတဲ့ တာဝန်ရှိသူတွေရဲ့ တာဝန်ယူမှုမရှိ တန်ဖိုးနားမလည်ပဲ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေတာ လက်ပိုက်ကြည့်နေသလို ဖြစ်နေပါတယ်။ ဆိုင်ခန်းခတွေကရတဲ့ ငွေကြေးတွေကိုတော့ မြို့နယ်သန့်ရှင်းရေး အကြောင်း ပြထားပေမယ့် အင်းထဲမှာတော့ အမှိုက်သရိုက်တွေ ပလတ်စတစ်တွေ အုန်းသီးခွံတွေနဲ့ သရုပ် ပျက်လှပါတယ်။ တော်တော် တာဝန်ယူမှုမဲ့တဲ့ လုပ်ရပ်ပါ။ အဆိုးဆုံးကတော့ မယ်ဇယ်ပင်ခြေမှာ လီတာ ၂၀ ရေသန့် ဘူးကြီးတွေကို အပေါက်အသေးဖောက်ပြီး ရေစိမ့်ကျအောင် လုပ်ထားတဲ့ ဘူးခွံတွေ မရှိတော့တဲ့ အပြင် သစ်ပင်တစ်ပင်လုံးကို ပိတောက်ခက်တွေ ချည်ထားတဲ့ ပလတ်စတစ်ကြိုးတွေ ဝါယာကြိုးတွေ တန်းလန်းနဲ့ ပစ်စလက်ခတ် လုပ်ထားခဲ့တာပါပဲ။ နိုင်ငံခြားသားတွေလည်း အဆက်မပြတ် လာနကြေတာမို့ အင်းကြီးကို အပေါ်ယံဟန်ပြစီမံကွပ်ကဲမှုတွေ လုပ်နေတာ အတော်ရှက်စရာကောင်းနေပါတယ်"ဟု သဘာဝစိမ်းအဖွဲ့မှ မခင်မျိုးနွယ်က ပြောသည်။
သဘာဝစိမ်းအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မယ်ဇယ်ပင်(၁၉) ပင်အား တောင်သမန်အင်းအနီးတွင် စိုက်ပျိုးထိန်းသိမ်းနခြေင်းဖြစ်ပြီး သင်္ကြန်ကာလအတွင်း ဦးပိန်တံတားဝန်းကျင်တွင် ဆိုင်ခန်းပေါင်း (၄၀၀)ကျော်ဖွင့်လှစ်ခွင့်ပြုခဲ့သည့် တာဝန်ရှိသူများက အပင်များ ထိန်းသိမ်းရေးအား လျစ်လျူရှုခဲ့သဖြင့် အပင်များ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။
သဘာဝစိမ်းအဖွဲ့သည် စိုက်ပျိုးထားသည့် မယ်ဇယ်ပင်များ ပြန်လည် ထိန်းသိမ်းရေးနှင့်အတူ တောင်သမန် ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအား ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - #မောင်ယဉ်ကျေး