မေကြးတုိင္းေဒသႀကီး ေရႊစက္ေတာ္ဘုရားေဂါပကသစ္အဖြဲ႕ စတင္တာဝန္ယူသည့္ ပထမႏွစ္ ဘုရားပြဲေတာ္ ကာလတြင္ ယခင္ ေဂါပကလက္ထက္က ဘုရားႀကီးဘ႑ာေငြထက္ က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ တိုးလာေၾကာင္း သိရသည္။
“၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၂) ရက္ေန႔မွာ ေဂါပကအေဟာင္းထံက ဘ႑ာေငြ အရပ္ရပ္ (၃,၈၄၂, ၅၃၃,၂၃၉ ဒသမ ၉၈ )က်ပ္ကုိ လႊဲေျပာင္း လက္ခံရယူခဲ႔ပါတယ္။ ဒီႏွစ္ဘုရားပဲြေတာ္ရာသီ ၂၀၁၇ ဧၿပီ (၁၂) ရက္ေန႔အထိ ဘုရားဘ႑ာေငြ စုစုေပါင္း အသံုးစရိတ္ေတြႏွဳတ္ၿပီး (၄,၈၆၁,၂၃၉,၀၆၅ ဒသမ ၄၁) က်ပ္ ရရိွတာေၾကာင္႔ ဒီႏွစ္တစ္ႏွစ္တည္းနဲ႔ကိုပဲ သိန္းေပါင္း တစ္ေသာင္းေက်ာ္ တိုးၿပီးရရိွခဲ့တာျဖစ္ပါတယ္”ဟု ေရႊစက္ေတာ္ဘုရားေဂါပက ဥကၠဌ ဦးျမင့္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။
ေဂါပကအသစ္လက္ထက္ (၇၇)ရက္ၾကာ က်င္းပသည့္ ၂၀၁၇ ခုႏွစ္ မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္အတြက္ တင္ဒါေလလံ အရပ္ရပ္ရေငြ၊ ေစ်းဆိုင္အခြန္ေငြ၊ တည္းခိုေဆာင္ မဲခ်ဝင္ေငြ ၊ နဝကမၼ အလွဴေငြ၊ ေစတိယသႏၲက အလွဴေငြ၊ ေရႊဆိုင္းေရာင္းရဝင္ေငြ၊ စက္ေတာ္ရာ ဝန္ထမ္း တည္းခိုေဆာင္ ဝင္ေငြ စသည့္အရပ္ရပ္ ဝင္ေငြမ်ားမွ ဘုရား ႀကီးဘ႑ာေငြရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“နွစ္ေပါင္းမ်ားစြာ ကတည္းက ၂၀၁၆ ဒီဇင္ဘာလအထိ ဘုရားဘ႑ာေငြ သိန္းေပါင္း ေလးေသာင္းနီးပါးပဲ ရရိွခဲ့တာမွာ အခု ေဂါပကအသစ္ လက္ထက္က်ေတာ့ တစ္ႏွစ္တည္းနဲ႔ကိုပဲ သိန္းေပါင္း တစ္ေသာင္းေက်ာ္ ရရိွတယ္ဆိုတာ သိရလို႔ ေဂါပကအသစ္ရဲ႕ လုပ္ေဆာင္ခ်က္ကို အသိအမွတ္ျပဳပါတယ္။ ရရိွတဲ႔ဘ႑ာေငြနဲ႔ ဘုရားႀကီး ဘက္စံုဖံြ႔ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ေပးဖို႔ အထူးသျဖင္႔ အထက္စက္ေတာ္ရာတက္လမ္းက က်ဥ္းၿပီးအႏၱရာယ္မ်ားတာေၾကာင္႔ ဓာတ္ေလွခါးတပ္ဆင္ေပးေစခ်င္ပါတယ္”ဟု ေဒသခံတစ္ဦးကေျပာ သည္။
မန္းေရႊစက္ေတာ္ဘုရားႀကီး ေဂါပကအဖြဲ႕အသစ္အား ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလမွစတင္၍ အရပ္သားမ်ားျဖင့္ စတင္ ေျပာင္းလဲဖြဲ႕စည္းလုိက္ျခင္းျဖစ္သည္။
သတင္း - ဖီးနစ္
“၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှာ ဂေါပကအဟောင်းထံက ဘဏ္ဍာငွေ အရပ်ရပ် (၃,၈၄၂, ၅၃၃,၂၃၉ ဒသမ ၉၈ )ကျပ်ကို လွှဲပြောင်း လက်ခံရယူခဲ့ပါတယ်။ ဒီနှစ်ဘုရားပွဲတော်ရာသီ ၂၀၁၇ ဧပြီ (၁၂) ရက်နေ့အထိ ဘုရားဘဏ္ဍာငွေ စုစုပေါင်း အသုံးစရိတ်တွေနှုတ်ပြီး (၄,၈၆၁,၂၃၉,ဝ၆၅ ဒသမ ၄၁) ကျပ် ရရှိတာကြောင့် ဒီနှစ်တစ်နှစ်တည်းနဲ့ကိုပဲ သိန်းပေါင်း တစ်သောင်းကျော် တိုးပြီးရရှိခဲ့တာဖြစ်ပါတယ်”ဟု ရွှေစက်တော်ဘုရားဂေါပက ဥက္ကဌ ဦးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဂေါပကအသစ်လက်ထက် (၇၇)ရက်ကြာ ကျင်းပသည့် ၂၀၁၇ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တင်ဒါလေလံ အရပ်ရပ်ရငွေ၊ ဈေးဆိုင်အခွန်ငွေ၊ တည်းခိုဆောင် မဲချဝင်ငွေ၊ နဝကမ္မ အလှူငွေ၊ စေတိယသန္တက အလှူငွေ၊ ရွှေဆိုင်းရောင်းရဝင်ငွေ၊ စက်တော်ရာ ဝန်ထမ်း တည်းခိုဆောင် ဝင်ငွေ စသည့်အရပ်ရပ် ဝင်ငွေများမှ ဘုရား ကြီးဘဏ္ဍာငွေရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်ပေါင်းများစွာ ကတည်းက ၂၀၁၆ ဒီဇင်ဘာလအထိ ဘုရားဘဏ္ဍာငွေ သိန်းပေါင်း လေးသောင်းနီးပါးပဲ ရရှိခဲ့တာမှာ အခု ဂေါပကအသစ် လက်ထက်ကျတော့ တစ်နှစ်တည်းနဲ့ကိုပဲ သိန်းပေါင်း တစ်သောင်းကျော် ရရှိတယ်ဆိုတာ သိရလို့ ဂေါပကအသစ်ရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုပါတယ်။ ရရှိတဲ့ဘဏ္ဍာငွေနဲ့ ဘုရားကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးဖို့ အထူးသဖြင့် အထက်စက်တော်ရာတက်လမ်းက ကျဉ်းပြီးအန္တရာယ်များတာကြောင့် ဓာတ်လှေခါးတပ်ဆင်ပေးစေချင်ပါတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။
မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့အသစ်အား ၂၀၁၆ခုနှစ် ဒီဇင်ဘာလမှစတင်၍ အရပ်သားများဖြင့် စတင် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
သတင်း - ဖီးနစ်