ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွက် အဓိကထား၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးမှုနှင့်အတူ ယာဉ်/လမ်းစည်းကမ်း စစ်ဆေးမှုများပြုလုပ်စဉ် ဖမ်းဆီးရမိ သိမ်းဆည်းထားပြီး ခန့်မှန်းတန်ဖိုး(၁၄၂)သိန်းကျော်ရှိသည့် ဆိုင်ကယ်ပါဝါအိပ်ဇော(၂၀၄)လုံးအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခြင်းကို ဧပြီလ (၁၀)ရက်နေ့ နံနက်(၉)နာရီတွင် ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်ရေးအတွက် စည်းကမ်းပျက် မောင်းနှင်၍ ဖမ်းဆီးထားသည့် ဆိုင်ကယ်မောင်းသူများအား ယာဉ်စည်းကမ်းအသိပညာပေးခြင်း၊ သင်္ကြန်ကာလအတွင်း လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး စာစောင်ဖြန့်ဝေခြင်း၊ ဆိုင်ကယ်စီးဦးထုပ်အလုံး (၃၀၀)ဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ
အခမ်းအနားတွင် သင်္ကြန်ကာလအတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်ရေးအတွက် စည်းကမ်းပျက် မောင်းနှင်၍ ဖမ်းဆီးထားသည့် ဆိုင်ကယ်မောင်းသူများအား ယာဉ်စည်းကမ်းအသိပညာပေးခြင်း၊ သင်္ကြန်ကာလအတွင်း လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး စာစောင်ဖြန့်ဝခြေင်း၊ ဆိုင်ကယ်စီးဦးထုပ်အလုံး (၃၀၀)ဖြန့်ဝခြေင်းများကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၃၁၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ