ၾကားျဖတ္ေရြးေကာက္ပြဲက်င္းပခဲ့သည့့္ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁) အတြက္ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္လႊာ အခ်ိန္မီ တင္သြင္းရန္ ပ်က္ကြက္ခဲ့ေသာေၾကာင့္ NLD ၏ ပါတီ ဥကၠဌ ႏွစ္ဦးအား ပါတီတာဝန္မ်ားမွ ရပ္ဆိုင္းလိုက္ေၾကာင္း သိရသည္။
ဧၿပီလ (၃) ရက္ေန႔ ရက္စြဲျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔မွ ေၾကညာခ်က္ထုတ္ျပန္ရာတြင္ ကယားျပည္နယ္ NLD ပါတီဥကၠဌ ေဒါက္တာေဒၚခင္စည္သူ ႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္ NLD ပါတီဥကၠဌ ဦးပဲ့ဒူ တို႔ကို ပါတီတာဝန္မ်ားမွ ရပ္နားလိုက္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။
ဧၿပီလ (၂) ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ အစည္း အေဝး ဆုံးျဖတ္ခ်က္အရ ၎တို႔ႏွစ္ဦးအား ပါတီတာဝန္မ်ားမွ ရပ္နားထားလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ သိပါတယ္။ ဒါ ၾကားျဖတ္ေရြးေကာက္ပြဲမွာ အမည္စာရင္း တင္သြင္းဖို႔ ေနာက္က်ခဲ့လို႔ ကိုယ္စားလွယ္ေလာင္း တစ္ေနရာ နစ္နာသြားတယ္။ အဲဒီ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ပါတီ ဗဟိုက တာဝန္ကေန ရပ္နားလိုက္တာေပါ့" ဟု ကယားျပည္နယ္မွ NLD ပါတီဝင္တစ္ဦးက ေျပာသည္။
ဧၿပီလ ၁ ရက္ေန႔တြင္ က်င္းပခဲ့ေသာ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ကယားျပည္နယ္ မွ လစ္လပ္ေနရာတစ္ေနရာျဖစ္သည့္ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁)ျပည္နယ္လႊတ္ေတာ္ေနရာ အတြက္ NLD ပါတီမွ ကိုယ္စားလွယ္ေလာင္း မပါဝင္ခဲ့ဘဲ အမ်ဳိးသားတိုးတက္ေရးပါတီ၊ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ ၊ လူမ်ဳိးေပါင္းစုံဒီမိုကေရစီပါတီတို႔ မွ ကိုယ္စားလွယ္ေလာင္းမ်ားသာ ယွဥ္ၿပိဳင္ခဲ့ၿပီး လူမ်ိဳးေပါင္းစုံဒီမိုကေရစီပါတီမွ ဦးသဲရယ္က အႏိုင္ရ႐ွိခဲ့ျခင္းျဖစ္သည္။
သတင္း - ဆန္းၿဖဳိးထြန္း
ဧပြီလ (၃) ရက်နေ့ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ရာတွင် ကယားပြည်နယ် NLD ပါတီဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူ နှင့် ဖရူဆိုမြို့နယ် NLD ပါတီဥက္ကဌ ဦးပဲ့ဒူ တို့ကို ပါတီတာဝန်များမှ ရပ်နားလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဧပြီလ (၂) ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက်အရ၎င်းတို့နှစ်ဦးအား ပါတီတာဝန်များမှ ရပ်နားထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ သိပါတယ်။ ဒါ ကြားဖြတ်ရွေးကောက်ပွဲမှာ အမည်စာရင်း တင်သွင်းဖို့ နောက်ကျခဲ့လို့ ကိုယ်စားလှယ်လောင်း တစ်နေရာ နစ်နာသွားတယ်။ အဲဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီ ဗဟိုက တာဝန်ကနေ ရပ်နားလိုက်တာပေါ့" ဟု ကယားပြည်နယ်မှ NLD ပါတီဝင်တစ်ဦးက ပြောသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ် မှ လစ်လပ်နေရာတစ်နေရာဖြစ်သည့် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)ပြည်နယ်လွှတ်တော်နေရာ အတွက် NLD ပါတီမှ ကိုယ်စားလှယ်လောင်း မပါဝင်ခဲ့ဘဲ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီတို့ မှ ကိုယ်စားလှယ်လောင်းများသာ ယှဉ်ပြိုင်ခဲ့ပြီး လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဦးသဲရယ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း