ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အထင်ကရနေရာ တစ်ခုဖြစ်သည့် နောင်တုံကန်အတွင်းသို့ မော်တော်ယာဉ် တစ်စီး ယနေ့ ဧပြီလ(၄)ရက်နေ့ ညနေ(၃း၄၅)နာရီဝန်းကျင် အချိန်က ထိုးကျသွားကြောင်းနှင့် ယာဉ်ပေါ်တွင် ပါရှိသူများမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အမ်အပ်အန်လ်
"ကားအနောက် ဆုတ်ရင်းဖြစ်တာလို့ သိရတယ်၊ လူကတော့ ဘာမှမဖြစ်ဘူး ကားကိုတော့ ခုထိ မဆယ်ရသေးဘူး"ဟု မြင်တွေ့ရသူ တစ်ဦးက ပြောသည်။
အဆိုပါ ကန်အတွင်းမှာ မော်တော်ယာဉ်အား ဆယ်ယူရန် ကြိုးစားနေလျက်ရှိကြောင်း နှင့် ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် စည်ပင်အုတ်ခုံပျက်စီးမှု နှင့် သံပန်းများသာ ပျက်စီးမှုရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အမ်အပ်အန်လ်