မကွေးတိုင်းဒေသကြီး မင်းလှမြို့နှင့် (၃၈) မိုင်အကွာ သရက် - မင်းလှ ကားလမ်းဘေးရှိ ဘင်္ဂကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာသို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ရေဂါလန်(၁၀,၀၀၀)နှင့် သတင်းရဲတပ်ဖွဲ့မှ ရေဂါလန်(၂၀၀၀)တို့ကို ဧပြီလ (၄) ရက်နေ့က သွားရောက်လှူဒါန်းကြောင်း သိရသည်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထင်အောင်လင်းနှင့် သတင်းရဲတပ်ဖွဲ့ မြို့နယ် တာဝန်ခံ ဒုရဲအုပ် ကံဝင်း တို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာရှိ အိမ်ခြေ (၄၀)လုံး၊ အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၂၅၀)အတွက် သောက်သုံးရေ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းသည့် ရေများအား ကျေးရွာအတွင်း အိမ်ထောင်စုများသို့ ပေးဝေပြီးနောက် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ရေဂါလန် (၁၀,၀၀၀) ဆံ့ ရေကန်တွင် သိုလှောင်ထားကြောင်း သိရသည်။
သတင်း - ဖီးနစ်
မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထင်အောင်လင်းနှင့် သတင်းရဲတပ်ဖွဲ့ မြို့နယ် တာဝန်ခံ ဒုရဲအုပ် ကံဝင်း တို့ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂေကျးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာရှိ အိမ်ခြေ (၄၀)လုံး၊ အိမ်ထောင်စု (၆၀) စုမှ လူဦးရေ (၂၅၀)အတွက် သောက်သုံးရေ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရွာက ရေအရမ်းရှားပါးတဲ့ ရွာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ လက်ခုပ်ပင်ချောင်းကို ရေ သွားခပ်ရတာ (၇)ဖာလုံလောကေ်ဝးပါတယ်။ လှည်းနွား မရှိတဲ့သူ၊ ဆိုင်ကယ်မရှိတဲ့ သူတွေဆို အခုလို ရာသီဥတု ပူပြင်းပုံမျိုးနဲ့ ခြေလျင်သွားသယ်ရခပ်ရတာ အလွန်ပင်ပန်းပြီး အချိန်တွေလည်းပေးရပါတယ်။ အခုလို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လာရောက်လှူဒါန်းပေးတာ ကျေးဇူးတင်လို့ မဆုံးပါဘူး”ဟု ဥသျှစ်ကုန်း ကျေးရွာသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လှူဒါန်းသည့် ရေများအား ကျေးရွာအတွင်း အိမ်ထောင်စုများသို့ ပေးဝပြေီးနောက် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ရေဂါလန် (၁၀,ဝဝဝ) ဆံ့ ရေကန်တွင် သိုလှောင်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များပူးပေါင်း ရေလှူဒါန်းမှုသည် ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးဖြစ်သည်ဟု အဆိုပါရဲ တပ်ဖွဲ့မှသိရသည်။
သတင်း - ဖီးနစ်