"လက္ရိွ စစ္ေဆးေတြ႕ရိွခ်က္အရ အမ်ိဳးသား (၁၁)ဦးနဲ႔ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း(၁၅)ဦး ေသဆံုးပါ တယ္"ဟု မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနွင့္
ျပည္သူ ့အင္အားဝန္ႀကီး ဦးေနမ်ိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ (၃) ရက္ေန႔ နံနက္ (၀၀: ၃၀)နာရီတြင္ အတည္ျပဳ ေျပာ ၾကားသည္။
ႏွစ္ထပ္အေဆာက္အဦး KTV ဆိုင္၏ မီးဖိုခန္းမွ ဂက္စ္အိုးေပါက္ကြဲၿပီး စတင္ေလာင္ကၽြမ္းျခင္းျဖစ္ကာ ျမင္သာရပ္ကြက္မွ ျပည္သူမ်ား ဝိုင္းဝန္းကူညီ ၿငိမ္းသတ္မႈေၾကာင့္ မီးထိန္းႏုိင္ခဲ့ၿပီး မီးသတ္ဌာနကလည္း အခ်ိန္မီလာေရာက္ၿငိမ္းသတ္မႈေၾကာင့္ အျခားအေဆာက္အဦးမ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွဘဲ (၁၀)နာရီ (၄၅)မိနစ္ခန္႔တြင္ မီးၿငိမ္းသတ္ႏို္င္ခဲ့ေၾကာင္း သိရသည္။
မီးေလာင္ကၽြမ္းသည့္ေနရာအား မီးသတ္ဌာနႏွင့္ တာဝန္ရိွသူမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ဧၿပီလ (၃) ရက္ေန႔ နံနက္ (၀၀ :၃၀)နာရီတြင္ ေသဆံုးသူစာရင္းအား တာဝန္ရိွသူမ်ားက အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္သည္။
မီးေလာင္ကၽြမ္းမႈျဖစ္ပြားသည့္ ဆိုင္မွသက္ဆိုင္သူမ်ားအား အေရးယူႏုိင္ရန္ႏွင့္ မီးေလာင္ဆံုးရံႈးမႈတန္ဖိုး တြက္ခ်က္ျခင္းမ်ားကို သက္ဆိုင္ရာ တာဝန္ရိွသူမ်ားက ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
မီးေလာင္သည့္အဆာက္အဦးမွ ထြက္ေျပးလာႏိုင္သည့္ အမ်ိဳးသမီးတစ္ဦး မီးေလာင္ဒဏ္ရာမ်ားျဖင့္ မေကြးတိုင္းေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ဖီးနစ္
မကွေးမြို့ KTV မီးလောင်မှု လူဆယ်ဦးထက်မနည်း သေဆုံးဖွယ်ရှိ
*********************
မကွေးမြို့ မြင်သာရပ်ကွက် သစ္စာလမ်းနှင့် ၂၉ လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး KTV တွင် ဧပြီလ(၂)ရက် နေ့ည (၁၀)နာရီ (၁၅)မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ အခန်းတွင်းပိတ်မိသည့် လူ (၁၅)ဦး သေဆုံးသွားကြောင်း သိရသည်။
"လက်ရှိ စစ်ဆေးတွေ့ရှိချက်အရ အမျိုးသား (၁၁)ဦးနဲ့ အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၅)ဦး သေဆုံးပါ တယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၃) ရက်နေ့ နံနက် (၀၀: ၃၀)နာရီတွင် အတည်ပြု ပြော ကြားသည်။
နှစ်ထပ်အဆောက်အဦး KTV ဆိုင်၏ မီးဖိုခန်းမှ ဂက်စ်အိုးပေါက်ကွဲပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကာ မြင်သာရပ်ကွက်မှ ပြည်သူများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်ဌာနကလည်း အချိန်မီလာရောက်ငြိမ်းသတ်မှုကြောင့် အခြားအဆောက်အဦးများသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ (၁၀)နာရီ (၄၅)မိနစ်ခန့်တွင် မီးငြိမ်းသတ်နို်င်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းသည့်နေရာအား မီးသတ်ဌာနနှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဧပြီလ (၃) ရက်နေ့ နံနက် (၀၀ :၃၀)နာရီတွင် သေဆုံးသူစာရင်းအား တာဝန်ရှိသူများက အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဆိုင်မှသက်ဆိုင်သူများအား အရေးယူနိုင်ရန်နှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုး တွက်ချက်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
မီးလောင်သည့်အဆာက်အဦးမှ ထွက်ပြေးလာနိုင်သည့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် မကွေးတိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်