တာခ်ီလိတ္ၿမိဳ႕ႏွင့္ (၇)မိုင္ခန္႔ အကြာ မိုင္းကိုးေက်းရြာအုပ္စု ေဟြရမ္းရြာအ၀င္ တာခ်ီလိတ္ - က်ဳိင္းတံုသြား ကားလမ္းေပၚတြင္ ကား ႏွင့္ ဆိုင္ကယ္ အရွိန္မထိန္းႏိုင္ဘဲ ၀င္ေရာက္တိုက္မိရာမွ အမ်ဳိးသားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။
ဧၿပီလ(၂၈)ရက္ေန႔ နံနက္္(၁၁)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ဘက္မွ တာေလၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ တာေလဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား အရွိန္မထိန္းႏိုင္ဘဲ ၀င္ေရာက္ တိုက္မိတိမ္းေမွာက္သြားရာ ေမာ္ေတာ္ယာဥ္မွာ ယာဥ္တိုက္မႈ ျဖစ္ပြားရာေနရာတြင္ ရပ္တန္႔ျခင္း မရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။
ေမာ္ေတာ္ဆိုင္ကယ္အား ေမာင္းႏွင္လာသူ အိုက္ေအာင္သည္ ထိခိုက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားၿပီး၊ ေမာင္ေတာ္ဆိုင္ကယ္ေနာက္တြင္ လိုက္ပါလာသည့္ ဇနီးျဖစ္သူ မနန္းေဆာင္မွာ စိုးရိမ္ရသည့္ ဒဏ္ရာေႀကာင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုမွ တစ္ဆင့္ မယ္ဆိုင္ေဆးရံုသို႔ တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ ပို႔ေဆာင္ေပးလိုက္ရေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္ၿပီး အျခားသူအား ဒဏ္ရာရရွိေသဆံုးေစကာ ထြက္ေျပးတိမ္းေရွာင္သြားသည့္ ယာဥ္ေမာင္းအား အမည္ႏွင့္ေနရပ္လိပ္စာမ်ားကို စံုစမ္းေနလ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၄/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၃၈/၃၀၄-က/၂၀၂ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
တာချီလိတ် - တာလေအကြား လမ်းပေါ်တွင် ကားနှင့်ဆိုင်ကယ်တိုက်မိရာ တစ်ဦး သေဆုံး၊ မော်တော်ကားမှာ ထွက်ပြေးသွား
ဧပြီလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က တာချီလိတ်ဘက်မှ တာလမြေို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် တာလေဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိတိမ်းမှောက်သွားရာ မော်တော်ယာဉ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာတွင် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်အား မောင်းနှင်လာသူ အိုက်အောင်သည် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားပြီး၊ မောင်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဇနီးဖြစ်သူ မနန်းဆောင်မှာ စိုးရိမ်ရသည့် ဒဏ်ရာကြောင့် တာချီလိတ်ပြည်သူ့ဆေးရုံမှ တစ်ဆင့် မယ်ဆိုင်ဆေးရုံသို့ တာချီလိတ်နာရေး ကူညီမှုအသင်းမှ ပို့ဆောင်ပေးလိုက်ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး အခြားသူအား ဒဏ်ရာရရှိသေဆုံးစေကာ ထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်းအား အမည်နှင့်နေရပ်လိပ်စာများကို စုံစမ်းနေလျက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၀၄-က/၂၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း