ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ရွိ နမၼေခ်ာင္းႏွင့္ နမၼတူေခ်ာင္း ဆုံရာ ေခ်ာင္းဆံုအတြင္း သႀကၤန္ကာလအတြင္းက စြန္႔ပစ္တင္က်န္ရစ္ခဲ့ေသာ အမႈိက္မ်ားကို လူမႈေရးအသင္းအဖြဲမ်ားမွ စုေပါင္း၍ ဧၿပီလ(၂၂)ရက္ေန႔တြင္ ရွင္းလင္းခဲ့ၾကေၾကာင္း သိရသည္။
နမၼေခ်ာင္းႏွင့္ နမၼတူေခ်ာင္း ဆုံရာ ေခ်ာင္းဆံုအတြင္း စြန္႔ပစ္အမႈိက္မ်ားအား စုေပါင္းရွင္းလင္းရာတြင္ ေပးေသာလက္ေစတနာရွင္ လူငယ္မ်ားအသင္း(လားရွိဳး)၊ နယ္စည္းမျခားပရဟိတအဖဲြ႔(သီေပါ)၊ အက်ိဳးေဆာင္လူငယ္မ်ား( မြတ္ဆလင္အဖဲြ႔ သီေပါ)၊ ၾကက္ေျခနီအဖဲြ႔(သီေပါ)၊ ျငိမ္းခ်မ္းသစၥာအဖြဲ႔ ( လားရွိဳး) စသည္တို႔မွ စုစုေပါင္း လူအင္အား (၈၀)ဦးတို႔ျဖင့္ ဧၿပီလ(၂၂)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအခ်ိန္အထိ စုေပါင္းကာ အမႈိက္မ်ား ဆယ္ယူရွင္းလင္းခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ခမ္းဦး
************
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ နမ္မချောင်းနှင့် နမ္မတူချောင်း ဆုံရာ ချောင်းဆုံအတွင်း သင်္ကြန်ကာလအတွင်းက စွန့်ပစ်တင်ကျန်ရစ်ခဲ့သော အမှိုက်များကို လူမှုရေးအသင်းအဖွဲများမှ စုပေါင်း၍ ဧပြီလ(၂၂)ရက်နေ့တွင် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
နမ္မချောင်းနှင့် နမ္မတူချောင်း ဆုံရာ ချောင်းဆုံအတွင်း စွန့်ပစ်အမှိုက်များအား စုပေါင်းရှင်းလင်းရာတွင် ပေးသောလက်စေတနာရှင် လူငယ်များအသင်း(လားရှိုး)၊ နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)၊ အကျိုးဆောင်လူငယ်များ( မွတ်ဆလင်အဖွဲ့ သီပေါ)၊ ကြက်ခြေနီအဖွဲ့(သီပေါ)၊ ငြိမ်းချမ်းသစ္စာအဖွဲ့ ( လားရှိုး) စသည်တို့မှ စုစုပေါင်း လူအင်အား (၈၀)ဦးတို့ဖြင့် ဧပြီလ(၂၂)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအချိန်အထိ စုပေါင်းကာ အမှိုက်များ ဆယ်ယူရှင်းလင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ခမ်းဦး