က်ဳိင္းလပ္ၿမဳိ႕၊ နမ့္ကုိင္းေက်းရြာရွိ အမွတ္(၃၁၆)ေျချမန္တပ္ရင္းမွ ဗုိလ္ႀကီးေအာင္ရဲေက်ာ္ ဦးစီးေသာ ပူးေပါင္းအဖဲြ႕သည္ တပ္စခန္းေရွ႕တြင္ နယ္ေျမလံုၿခဳံေရးေဆာင္ရြက္ေနစဥ္ တာေလၿမဳိ႕ဘက္မွ က်ဳိင္းလပ္ၿမဳိ႕ဘက္သုိ႔ ေက်ာ္ေဇယ် ေမာင္ႏွင္ၿပီး ဦးက်ေကာစီးနင္းလုိက္ပါလာသည့္ ေမာ္ေတာ္ဆုိင္ကယ္အား ရပ္တန္႔စစ္ေဆးရာ ေက်ာပုိးအိတ္ျဖင့္ထည့္ထားေသာ WY စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား (၄၀၀၀၀)ျပား တန္ဖုိးေငြက်ပ္သိန္းတစ္ေထာင္ခန္႔ အား ဖမ္းဆီးရမိသျဖင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေက်ာ္ေဇယ်ႏွင့္ ဦးက်ေကာတုိ႔ႏွစ္ဦးအား မုိင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ(ပ) ၃/၂၀၁၇ မူး/စိတ္ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း #ေဝယံလင္း
ဓါတ္ပံု #က်ိဳင္းလပ္ေထြအုပ္
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ နယ်မြေလုံခြုံရေးဆောင်ရွက်ရာမှ တပ်စခန်းရှေ့၌ မတ် (၃၁) ရက်နေ့ ည (၉) နာရီခန့်တွင် ငွေကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ကျိုင်းလပ်မြို့၊ နမ့်ကိုင်းကျေးရွာရှိ အမှတ်(၃၁၆)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ရဲကျော် ဦးစီးသော ပူးပေါင်းအဖွဲ့သည် တပ်စခန်းရှေ့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် တာလေမြို့ဘက်မှ ကျိုင်းလပ်မြို့ဘက်သို့ ကျော်ဇေယျ မောင်နှင်ပြီး ဦးကျကောစီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၄၀၀၀၀)ပြား တန်ဖိုးငွေကျပ်သိန်းတစ်ထောင်ခန့် အား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျော်ဇေယျနှင့် ဦးကျကောတို့နှစ်ဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ) ၃/၂၀၁၇ မူး/စိတ် ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #ဝေယံလင်း
ဓါတ်ပုံ #ကျိုင်းလပ်ထွေအုပ်