ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ဘုံ အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း )ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကယန်းအမျိုးသားနေ့ ဘုံအခမ်းအနားကို ကယန်းဒေသများတွင် အလှည့်ကျ ကျင်းပလေ့ရှိရာ၂၀၁၆ ခုနှစ်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်(တောင်ပိုင်း) ရေဖြူကျေးရွာတွင် ကျင်းပရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ရေဖြူကျေးရွာတွင် ကျင်းပမည့် ဘုံကယန်းအမျိုးသားနေ့အပြင် ကယန်းလူမျိုးများနေထိုင်သည့် ကယားပြည်နယ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် ကရင်ပြည်နယ် တို့တွင်လည်း အခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ကယန်းအမျိုးသားနေ့အား ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီဆိုင်မြို့နယ်တွင် ကျင်းပမည်
ကယန်းအမျိုးသားနေ့ ဘုံအခမ်းအနားကို ကယန်းဒေသများတွင် အလှည့်ကျ ကျင်းပလေ့ရှိရာ၂၀၁၆ ခုနှစ်က နပြေည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်(တောင်ပိုင်း) ရဖြေူကျေးရွာတွင် ကျင်းပရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကယန်းဒေသက လေးခုရှိတယ်။ အဲဒီတော့ တစ်နှစ်ကို တစ်ဒေသပေါ။့ ဒီနှစ်က ရှမ်းပြည်နယ်ထဲမှာ လုပ်ဖြစ်တာပေါ့။ တခြားဒေသတွေမှာလည်း လုပ်ပါမယ်။ အခု ဒီရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ ကယန်းတစ်မျိုးသားလုံးရဲ့ ဘုံအခမ်းအနား လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလို အမျိုးသားနေ့ကို အရမ်း အလေးအနက်ထားစေချင်တယ်။ ကယန်းလူမျိုးတွေ အားလုံး တစ်နှစ်ထက် တစ်နှစ် ပိုပြီး စည်းလုံးညီညွှတ်ကြဖို့ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကြဖို့ နဲ့ တခြား တိုင်းရင်းသားတွေနဲ့အတူ စည်းစည်းလုံးလုံး နေထိုင်သွားဖို့ပါ”ဟု ကယန်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ခွန်းဂျွန်ဆီဇာက ပြောသည်။
ရဖြေူကျေးရွာတွင် ကျင်းပမည့် ဘုံကယန်းအမျိုးသားနေ့အပြင် ကယန်းလူမျိုးများနေထိုင်သည့် ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နပြေည်တော်ကောင်စီနယ်မြေ နှင့် ကရင်ပြည်နယ် တို့တွင်လည်း အခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း