လစ္လပ္ေနေသာ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအတြက္ ဦးသဲရယ္ (လူမ်ိဳးေပါင္းစုံဒီမိုကေရစီပါတီ -ကယားျပည္နယ္ )၊ ဦးရီးခ်က္ (ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ)၊ ဦးဆူရယ္ (အမ်ိဳးသားတိုးတက္ေရးပါတီ )တို႔ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကရာ ဦးသဲရယ္က မဲစုစုေပါင္း (၃၃၅၁) မဲျဖင့္အႏိုင္ရ႐ွိခဲ့ျခင္းျဖစ္သည္။
" ကၽြန္ေတာ့္အေနနဲ႔က ျပည္သူလူထုေတြ စည္းလုံးညီၫႊတ္မႈေၾကာင့္ အႏိုင္ရ႐ွိတာပါ။ ဒီလိုပဲ ထပ္ၿပီး စည္းလုံးညီၫႊတ္ေပးၾကပါ။ လူထုအားလုံးကို ေက်းဇူးအရမ္းတင္သလို ကၽြန္ေတာ္ လူထုကိုေပးထားကတိေတြအတိုင္း လုပ္ေဆာင္သြားမွာပါ " ဟု ကိုယ္စားလွယ္ေလာင္း ဦးသဲရယ္က ေျပာသည္။
ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ မဲေပးခြင့္ရွိသူ ဦးေရ (၉၅၇၀)ဦးရွိၿပီး မဲရုံ စုစုေပါင္း(၁၈)ရုံထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
************
ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပသည့် ကယားပြည်နယ် ဖရူဆိုမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ ကိုယ်စားလှယ်လောင်း ဦးသဲရယ်က အနိုင်ရရှိသွားကြောင်း သိရသည်။
လစ်လပ်နေသော ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးသဲရယ် (လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ -ကယားပြည်နယ် )၊ ဦးရီးချက် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးဆူရယ် (အမျိုးသားတိုးတက်ရေးပါတီ )တို့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဦးသဲရယ်က မဲစုစုပေါင်း (၃၃၅၁) မဲဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
" ကျွန်တော့်အနေနဲ့က ပြည်သူလူထုတွေ စည်းလုံးညီညွှတ်မှုကြောင့် အနိုင်ရရှိတာပါ။ ဒီလိုပဲ ထပ်ပြီး စည်းလုံးညီညွှတ်ပေးကြပါ။ လူထုအားလုံးကို ကျေးဇူးအရမ်းတင်သလို ကျွန်တော် လူထုကိုပေးထားကတိတွေအတိုင်း လုပ်ဆောင်သွားမှာပါ " ဟု ကိုယ်စားလှယ်လောင်း ဦးသဲရယ်က ပြောသည်။
ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်နေရာအတွက် မဲပေးခွင့်ရှိသူ ဦးရေ (၉၅၇၀)ဦးရှိပြီး မဲရုံ စုစုပေါင်း(၁၈)ရုံထားရှိခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း