ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ဧၿပီလအစ ေႏြရာသီကာလျဖစ္ေသာ္လည္း အမ်ဳိးသားတစ္ဦး အေအးပတ္၍ ေသဆံုးမႈ ဧၿပီလ(၄)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ၀မ္ပံုသြားလမ္း၊ ဦးထြန္းေအာင္ ဂိတ္အနီးရွိ လမ္းေဘးတစ္ေနရာတြင္ အမ်ဳိးသားတစ္ဦး ေသဆံုးေနေၾကာင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိ၍ သြားေရာက္ စစ္ေဆးရာ ေသဆံုးသူမွာ စိတ္မႏွံ႔သူ အမ်ဳိးသား တစ္ဦးျဖစ္ေနေၾကာင္း သိရသည္။
"ေသဆံုးသူက အိမ္ေျခမဲ့ပါ။ စိတ္မႏွ႔ံဘူး၊ အေအးပတ္ၿပီး ေသတာ၊ ေန႔လယ္မွာ အသင္းကေနပဲ သၿဂဳႋလ္ေပးသြားဖို႔ စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕၏ ဧၿပီလအစ ရာသီဥတုသည္ ေႏြရာသီျဖစ္ေသာ္လည္း မိုးရြာမႈမ်ားႏွင့္အတူ အေအးဓာတ္မွာ သိသိသာသာျဖစ္ေပၚေနလ်က္ရွိသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ဧပြီလအစ နွေရာသီကာလဖြစ်သော်လည်း အမျိုးသားတစ်ဦး အအေးပတ်၍ သေဆုံးမှု ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်နာရေး ကူညီမှုအသင်းမှ သိရသည်။
တာချီလိတ်မြို့ ဝမ်ပုံသွားလမ်း၊ ဦးထွန်းအောင် ဂိတ်အနီးရှိ လမ်းဘေးတစ်နေရာတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ၍ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ စိတ်မနှံ့သူ အမျိုးသား တစ်ဦးဖြစ်နေကြောင်း သိရသည်။
"သေဆုံးသူက အိမ်ခြေမဲ့ပါ။ စိတ်မနှံ့ဘူး၊ အအေးပတ်ပြီး သေတာ၊ နေ့လယ်မှာ အသင်းကနေပဲ သင်္ဂြိုလ်ပေးသွားဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
တာချီလိတ်မြို့၏ ဧပြီလအစ ရာသီဥတုသည် နွေရာသီဖြစ်သော်လည်း မိုးရွာမှုများနှင့်အတူ အအေးဓာတ်မှာ သိသိသာသာဖြစ်ပေါ်နေလျက်ရှိသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း