မော်တော်ဆိုင်ကယ် မောင်းလာသူထံမှ စိတ်ကြွဆေးပြားများကို မိုင်းဆတ်ခရိုင်၊ မိုင်းဆတ် - မိုင်းတုံ ကားလမ်း (၆)မိုင်ကျေးရွာ အနီးတွင် သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ သိရသည်။
ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က မိုင်းဆတ် - မိုင်းတုံ ကားလမ်း (၆)မိုင်ကျေးရွာအနီးတွင် နာကွေး(မ)မောင်းလာသော မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ၎င်းလွယ်ထားသော လွယ်အိတ်အတွင်း ထည့်၍ သယ်ဆောင်လာသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၆၀၀)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
မူးယစ်ဆေးဝါးကို သယ်ဆောင်လာသူ နာကွေး(မ)အား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၁၂/၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)ဖြင့် ဧပြီလ(၆)ရက်နေ့ နေ့လယ်(၁၂း၄၅)နာရီအချိန်က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။