၂၀၁၆ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ငယ်၊ လတ်၊ ကြီးတန်းများတွင် အောင်မြင်စွာ ဖြေဆိုခဲ့ကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ဧပြီလ(၆)ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - ဇောင်းညီ
အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းရာတွင် ပထမကြီးတန်း မှ သံဃာတော်(၂)ပါး၊ ပထမလတ်တန်းမှ သံဃာတော်(၃)ပါး၊ ပထမငယ်တန်းမှ သံဃာတော်(၁၈)ပါး နှင့် သီလရှင် (၅)ပါး စုစုပေါင်း (၂၈)ပါးအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခု ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားသည် ၂၀၁၆ခုနှစ်က ဖြေဆို၍ အောင်မြင်ခဲ့သော သံဃာတော် နှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် ၂၀၁၇ခုနှစ်တွင် ဖြေဆိုပြီး အောင်မြင်သည့် သံဃာတော် နှင့် သီလရှင်များအား ၂၀၁၈ခုနှစ်တွင် ဆက်ကပ်လှူဒါန်းမှာ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ