ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕၊ ေထးငွားေက်း႐ြာ၊ တာရိုးလမ္းဆုံ၊ လြိဳင္ေကာ္ - နိုးကိုး - မိုးၿဗဲ လမ္းမေပၚတြင္ စိတ္ႂကြ႐ႈးသြပ္ ေဆးျပားမ်ား ႏွင့္အတူ သယ္ေဆာင္လာသူအား ဧၿပီလ(၅)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႔စု(၂၀)လြိဳင္ေကာ္ မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔တို႔မွ မူးယစ္ေဆး၀ါး သတင္းအရ ေထးငွားေက်း႐ြာ ၊ တာရိုးလမ္းဆုံတြင္ ေစာင့္ဆိုင္းေနစဥ္ မိုးၿဗဲ မွ လြိဳင္ေကာ္ဘက္သို႔ တစ္ဦးတည္း ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာေဖြရာမွ Wy စာတန္းပါ ရွိသည့္ စိတ္ၾကြေဆးျပား (၂၀၀)ျပားပါ အထုပ္ (၁၀)ထုတ္အား ေတြ႕ရွိရာ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၀၀၀)ျပားကို ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၂၀)လြိဳင္ေကာ္ မွ သိရသည္။
အဆိုပါ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႕ရွိရမႈႏွင့္ ပတ္သက္၍ တဆင့္ေရာင္းခ်ေပးသူ ထြန္းျမင့္(ခ)ေနတိုးႏွင့္ စိုင္းလုံခမ္းႏွင့္ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူ မာရီႏိုတို႔ (၃)ဦးအား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၃/၂၀၁၇၊မူး/စိတ္ပုဒ္မ-၁၅/၁၉(က)/၂၁အရ အမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးငှါးကျေးရွာ၊ တာရိုးလမ်းဆုံ၊ လွိုင်ကော် - နိုးကိုး - မိုးဗြဲ လမ်းမပေါ်တွင် စိတ်ကြွရှုးသွပ် ဆေးပြားများ နှင့်အတူ သယ်ဆောင်လာသူအား ဧပြီလ(၅)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော် မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ မူးယစ်ဆေးဝါး သတင်းအရ ထေးငှါးကျေးရွာ၊ တာရိုးလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မိုးဗြဲ မှ လွိုင်ကော်ဘက်သို့ တစ်ဦးတည်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာဖွေရာမှ Wy စာတန်းပါ ရှိသည့် စိတ်ကြွဆေးပြား (၂၀၀)ပြားပါ အထုပ် (၁၀)ထုတ်အား တွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြား (၂၀၀၀)ပြားကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော် မှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရမှုနှင့် ပတ်သက်၍ တဆင့်ရောင်းချပေးသူ ထွန်းမြင့်(ခ)နေတိုးနှင့် စိုင်းလုံခမ်းနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မာရီနိုတို့ (၃)ဦးအား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ)၁၃/၂၀၁၇၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
သတင်း - ဆန်းဖြိုးထွန်း