“အခုလို ကချင်တိုင်းရင်းသားက MMA အားကစားလောကမှာ ကြိုးစားရပ်တည်နေတဲ့ ငယ်သူငယ်ချင်း အောင်လ ကို အရမ်းဂုဏ်ယူပါတယ်”ဟု အောင်လအင်ဆန်အား သွားရောက် ကြိုဆိုသည့် ငယ်သူငယ်ချင်းဖြစ်သူ ကိုပန်နော်က ပြောသည်။
MMA နှင့် One Championship ပြိုင်ပွဲများတွင် Champion အဆင့်ထိ ယှဉ်ပြိုင်ခဲ့သူ အောင်လအင်ဆန်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နပြေီး ဇာတိဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ နှစ်ရက်တာပြန်လာစဉ် ကချင်အနုပညာရှင်များ အသင်းက ဂုဏ်ပြုကြိုဆိုပွဲဖြင့် ကြိုဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အောင်လအင်ဆန်သည် ကချင်စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေး လက်ဝှေ့ပွဲဖြင့် စစ်ပြေး ဒုက္ခသည်များအား ကူညီရေးအတွက် လုပ်ဆောင်ပေးသူတစ်ဦးဖြစ်သည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ကိုပန်နော်