၂၀၁၇ခုႏွစ္ တာခ်ီလိတ္ခရိုင္ မဟာသႀကၤန္ပြဲေတာ္တြင္ ယိမ္းအဖြဲ႔ (၁၈)ဖြဲ႔ ပါ၀င္ယွဥ္ၿပိဳင္ရန္ ႏွင့္ မ႑ပ္(၁၀)ခု ျပဳလုပ္သြားရန္ အတြက္ စာရင္းေပးထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ သိရသည္။
၂၀၁၇ခု တာခ်ီလိတ္မဟာသႀကၤန္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ ရပ္ကြက္/ေက်းရြာ ကိုယ္စားျပဳ သႀကၤန္ယိမ္းအဖြဲ႔မ်ား အျပင္ တာေလၿမိဳ႕ကိုယ္စားျပဳ သႀကၤန္ယိမ္းအဖြဲ႔ အပါအ၀င္ ျမန္မာႏိုင္ငံသဘင္ ပညာရွင္မ်ားအစည္းအရံုး (တာခ်ီလိတ္) ကိုယ္စားျပဳ ယိမ္းအဖြဲ႔၊ ဗမာတိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႔ ကိုယ္စားျပဳ ယိမ္းအဖြဲ႔၊ အိမ္ၿခံေျမအက်ဳိးေဆာင္အဖြဲ႔ ကိုယ္စားျပဳ ယိမ္းအဖြဲ႕ စုစုေပါင္း ယိမ္းအကအဖြဲ႔(၁၈)ဖြဲ႔ ပါ၀င္ယွဥ္ၿပိဳင္ရန္ စာရင္းေပးထားေၾကာင္း သိရသည္။
တာခ်ီလိတ္ခရိုင္၏ ဗဟိုမ႑ာပ္အား တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ျပဳလုပ္ၿပီး က်န္ရွိသည့္ ကိုယ္စားျပဳ မ႑ပ္မ်ားကို သတ္မွတ္ ေနရာအသီးသီးတြင္ ျပဳလုပ္သြားမွာျဖစ္ၿပီး လတ္တေလာကာလအထိ ဗဟိုမ႑ပ္ အပါအ၀င္ (၁၀)ခုရွိမွာ ျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္ တာခ်ီလိတ္သႀကၤန္တြင္ ယခင္ႏွစ္နည္းတူ သႀကၤန္မယ္ေရြးခ်ယ္ပြဲကိုလည္း ထည့္သြင္းသြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ - #ေဇာင္းညီ
၂၀၁၇ခုနှစ် တာချီလိတ်ခရိုင် မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့ (၁၈)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ရန် နှင့် မဏ္ဍပ်(၁၀)ခု ပြုလုပ်သွားရန် အတွက် စာရင်းပေးထားကြောင်း တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
၂၀၁၇ခု တာချီလိတ်မဟာသင်္ကြန်တွင် တာချီလိတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့များ အပြင် တာလမြေို့ကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့ အပါအဝင် မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (တာချီလိတ်) ကိုယ်စားပြု ယိမ်းအဖွဲ့၊ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့ စုစုပေါင်း ယိမ်းအကအဖွဲ့(၁၈)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်း သိရသည်။
တာချီလိတ်ခရိုင်၏ ဗဟိုမဏ္ဍာပ်အား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ပြုလုပ်ပြီး ကျန်ရှိသည့် ကိုယ်စားပြု မဏ္ဍပ်များကို သတ်မှတ် နေရာအသီးသီးတွင် ပြုလုပ်သွားမှာဖြစ်ပြီး လတ်တလောကာလအထိ ဗဟိုမဏ္ဍပ် အပါအဝင် (၁၀)ခုရှိမှာ ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တာချီလိတ်သင်္ကြန်တွင် ယခင်နှစ်နည်းတူ သင်္ကြန်မယ်ရွေးချယ်ပွဲကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - #ဇောင်းညီ